Skip to main content

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၂၀၁၆-၂၀၂၀ အထိ လေးနှစ်ကျော်ကာလအတွင်း ပြည်သူ့အကျိုးပြု မှတ်တိုင်များ

စာရင်းအင်းဥပဒေ အတည်ပြုပြဋ္ဌာန်းခြင်း

၁၉၅၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဗဟိုစာရင်းစစ်တမ်းကောက်ယူရေး အာဏာပိုင်အက်ဥပဒေ (The Central Statistical Authority Act, 1952) သည် ခေတ်အခါနှင့် လျော်ညီခြင်းမရှိတော့သည့်အပြင် ဗဟိုစာရင်းအင်း အဖွဲ့ (Central Statistical Organization) အား ပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာကို ဥပဒေအရ အပ်နှင်းပေးထားခြင်းမရှိပါ။ ထို့အတွက် မြန်မာနိုင်ငံ အမျိုးသား စာရင်းအင်း စနစ်အတွက် တရားဝင်စာရင်းအင်းများကို ကောက်ယူခြင်း၊ စုစည်းခြင်း၊ တွက်ချက်ခြင်း၊ သုံးသပ်ထုတ်ပြန်ခြင်းနှင့် ဖြန့်ဝေခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ထိန်းမတ်နိုင် စေရန်နှင့် စာရင်းအင်းအေဂျင်စီ များအကြား ပေါင်းစပ်ညှိနှိုင်းပေးနိုင်စေရန်အတွက် ခေတ်နှင့် လျော်ညီသော စာရင်းအင်းဥပဒေသစ်ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဗဟိုစာရင်းအင်း အဖွဲ့က ပြုစုတင်သွင်းခဲ့ရာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် လွှတ်တော်မှ အတည်ပြုပေးခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် စာရင်းအင်းဥပဒေ (၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁။ ) ကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းပေးခဲ့ပါသည်။ ထို့အပြင် အဆိုပါ ထုတ်ပြန်ထားသည့် စာရင်းအင်း ဥပဒေကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်နိုင်စေရေး အတွက် ၎င်းစာရင်းအင်းဥပဒေ၏ နည်းဥပဒေများပြဋ္ဌာန်းနိုင်ရေး ကိုလည်း ဆက်လက်ဆောင်ရွက် လျက် ရှိပါသည်။

အဆိုပါ စာရင်းအင်းဥပဒေနှင့် ၎င်း၏နည်းဥပဒေများကို ပြဋ္ဌာန်းဆောင်ရွက်နိုင်ခြင်းအားဖြင့် စာရင်းအင်း အေဂျင်စီများအကြား ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းကာ ပိုမိုတိကျမှန်ကန်၍ အရည်အသွေးရှိသော စာရင်းအင်းကို အချိန်မီ ထုတ်ပြန်နိုင်မည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းရေးဆွဲခြင်း၊ မူဝါဒများရေးဆွဲခြင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့အတွက် မြေပြင်အခြေအနေကို ထင်ဟပ် စေသည့် သက်သေအထောက်အထားကို အခြေခံသော စာရင်းအင်းအချက်အလက်များကို ပံ့ပိုးပေး နိုင်မည် ဖြစ်ပါသည်။

အမျိုးသားစာရင်းအင်းစနစ်ဆိုင်ရာ မူဝါဒအနှစ်ချုပ်

Capture.JPG 2.JPG

စာရင်းအင်းအရည်အသွေး ပြည့်ဝစေရေးနှင့် စာရင်းအင်းစနစ် ပြည့်စုံတိကျ မှန်ကန်စေရေးအတွက် လူမှု-စီးပွားဆိုင်ရာ အချက်အလက်များ၊ ညွှန်ကိန်းများကို ပြည့်စုံအောင် တွက်ချက်ဆောင်ရွက်နိုင်သည့် မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်းစနစ် ပေါ်ပေါက်လာစေရန်၊ အစိုးရဌာန၊ သမဝါယမ၊ ပုဂ္ဂလိက အဖွဲ့အစည်းနှင့် လုပ်ငန်းများအားလုံးမှ အမျိုးသားစာရင်းအင်းစနစ်အတွက် လိုအပ်သောစာရင်းအင်း များ ပံ့ပိုးကူညီမှု ရရှိစေရန်နှင့် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန်ရည်ရွယ်၍ အမျိုးသားစာရင်းအင်း စနစ်ဆိုင်ရာမူဝါဒ (အနှစ်ချုပ်) (Policy Brief on National Statistical System) ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့သည် စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် ရေးဆွဲပြုစု ခဲ့ပါသည်။

အရည်အသွေးပြည့်ဝပြီး မြေပြင်အခြေအနေမှန်ကို ထင်ဟပ်စေနိုင်သည့် စာရင်းအင်း အချက်အလက် များသည် လက်တွေ့ကျသည့် မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲခြင်း၊ စီမံကိန်းအကောင် အထည်ဖော်ဆောင်မှုများကို စောင့်ကြည့်လေ့လာ အကဲဖြတ်ခြင်းတို့အတွက် အလွန်အရေးကြီး သည့်အပြင် လူမှု-စီးပွားဆိုင်ရာ သုတေသနပြုလုပ် သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက်လည်း များစွာအရေးပါလျက်ရှိရာ အဆိုပါ အမျိုးသားစာရင်းအင်း စနစ်ဆိုင်ရာ မူဝါဒ (အနှစ်ချုပ်) ၌ အချက်အလက်များကို ကောက်ယူစုစည်းရာတွင် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော စာရင်းအင်း နည်းစနစ်များနှင့် ကိုက်ညီမှုရှိစွာ ကျင့်သုံးဆောင်ရွက်နိုင်စေရန်အတွက် စာရင်းအင်း အခြေခံ သဘောတရားနှင့် နည်းလမ်းများ၊ စာရင်းအင်းစနစ်ဆိုင်ရာ အခြေခံစည်းမျဉ်းများ၊ ကုလသမဂ္ဂမှ ပြဋ္ဌာန်းထားသည့် တရားဝင်စာရင်းအင်းဆိုင်ရာ အခြေခံမူများ၊ အာဆီယံအသိုက်အဝန်း စာရင်းအင်း စနစ်၏ လက်တွေ့ကျင့်သုံးနေသော အဓိကမူများနှင့် စည်းမျဉ်းစည်းကမ်းများအား ဖော်ပြပါရှိပါသည်။ ထို့အပြင် အမျိုးသားစာရင်းအင်းစနစ်ဆိုင်ရာ မူဝါဒအား အကောင်အထည်ဖော်ဆောင်မည့် ယန္တရားနှင့် ယင်းမူဝါဒအား အကောင်အထည်ဖော်ဆောင်မည့်သူများ၊ စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာ ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ခြင်း၊ ဗဟို စာရင်းအင်းအဖွဲ့၏ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ အချက်အလက်များ၏ အရည်အသွေး စံသတ်မှတ် ချက်များ၊ လုပ်ထုံးလုပ်နည်း များနှင့် နည်းပညာအကူအညီ ရယူခြင်းစသည်ဖြင့် ဖော်ပြထားရှိပါသည်။

စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှုအမျိုးသားအဆင့်မဟာဗျူဟာ

စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာ (National Strategy for the Development of Statistics-NSDS) သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏ အမျိုးသားစာရင်းအင်းစနစ် ဖွံ့ဖြိုးတိုးတက် စေရန် အသုံးပြုသည့် နည်းဗျူဟာတစ်ရပ်ဖြစ်ပြီး စာရင်းအင်း ဆိုင်ရာ အခြေခံအဆောက်အအုံနှင့် လုပ်ငန်းစဉ် အဆင့်ဆင့်တိုးတက်စေရန်အလေးထားလုပ်ဆောင်သည့် ဘက်စုံစီမံကိန်း လမ်းညွှန်ချက် တစ်ရပ်ဖြစ်ပါသည်။ စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှုအမျိုးသားအဆင့် မဟာဗျူဟာတွင် အဓိကအားဖြင့် ရည်ရွယ်ချက်နှစ်ခုရှိပါသည်။ ပထမရည်ရွယ်ချက်မှာ အမျိုးသား စာရင်းအင်းစနစ် တိုးတက်စေရန် အသေးစိတ် အကဲဖြတ်မှုများအပေါ် အခြေခံသည့် ရှင်းလင်းသော နည်းဗျူဟာတစ်ရပ် ဖော်ထုတ် တင်ပြရန်ဖြစ်ပြီး ဒုတိယရည်ရွယ်ချက်မှာ အကောင်အထည် ဖော်ဆောင်မည့် စီမံကိန်းတစ်ရပ်ကို ကာလလတ် ဘဏ္ဍာရေးအစီအစဉ်များနှင့်တကွ ရေးဆွဲရန် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့်မဟာဗျူဟာကို အဓိကအားဖြင့် အပိုင်းနှစ်ပိုင်း ခွဲခြားနိုင်ပါသည်။ အပိုင်း (၁) တွင် စာရင်းအင်းပြုပြင်ပြောင်းလဲရေးအတွက် အခြေခံ အကြောင်း (Rationale) ကို ရှင်းလင်းဖော်ပြ၍ စာရင်းအင်းဖွံ့ဖြိုးတိုးတက်မှု အဓိကမဟာဗျူဟာကို တင်ပြထား ပါသည်။ မြန်မာနိုင်ငံတွင် စာရင်းအင်း အချက်အလက်များ၏ အရည်အသွေးနှင့် စာရင်းအင်းစနှစ် ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်စေရန်အတွက် ရေးဆွဲခဲ့သည့် စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှု အမျိုးသား အဆင့်မဟာဗျူဟာ၏ အပိုင်း (၁) ဖြစ်သည့် အဓိကမဟာဗျူဟာကို ၂၀၁၆ ခုနှစ် မေလတွင် အစိုးရအဖွဲ့မှ အတည်ပြုခဲ့ပါသည်။ အဆိုပါ အဓိကမဟာဗျူဟာတွင် အမျိုးသားစာရင်းအင်း စနစ် (National statistical System-NSS) အတွက် ကျွမ်းကျင်ပညာရှင်များမှ ပြုလုပ် ထားသည့် ဆန်းစစ်လေ့လာမှုတစ်ခု ပါဝင်သကဲ့သို့ စာရင်းအင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာ မူဘောင် တစ်ခုလည်း ပါဝင်ပါသည်။ အထူးသဖြင့် အမျိုးသားအဆင့် စာရင်းအင်းဆိုင်ရာ ညွှန်ကိန်းများ သည် စာရင်းအင်းနယ်ပယ် အားလုံးကို လွှမ်းခြုံနိုင်စေရန်အတွက် အဓိကကျသည့်စာရင်းအင်း နယ်ပယ် (၁၂) ရပ်ကို သတ်မှတ်ထည့်သွင်းဖော်ပြ ထားပါသည်။

မြန်မာနိုင်ငံ၏ စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့်မဟာဗျူဟာ အပိုင်း (၂) ဖြစ်သည့် အကောင်အထည် ဖော်ဆောင်ရေး လုပ်ငန်းစီမံကိန်းများကို အပိုင်း (၁)တွင် ချမှတ်ခဲ့သည့် မဟာဗျူဟာ ရည်မှန်းချက်များ ပြည့်မီလာစေရေး အတွက် နောင်လာမည့် (၅) နှစ်တာကာလအတွင်း အကောင်အထည် ဖော်ဆောင်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်ချက်များ ထည့်သွင်း သွားမည် ဖြစ်ပါသည်။ စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့်မဟာဗျူဟာ အကောင်အထည် ဖော်ဆောင်ရေး လုပ်ငန်း စီမံကိန်းသည် ၂၀၁၆ ခုနှစ်က စတင်အကောင်အထည်ဖော်ရန် ရေးဆွဲ ထားခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များအပြင် ၂၀၁၈ ခုနှစ်၌ ရေးဆွဲခဲ့သည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတို့ကို စောင့်ကြည့် လေ့လာနိုင်စေရန် အထောက် အကူပြုမည့် အရေးကြီးသော လုပ်ဆောင်ချက်များကိုလည်း ထည့်သွင်း ဖော်ပြသွားမည် ဖြစ်ပါသည်။

ဒုတိယသမ္မတက ဥက္ကဋ္ဌအဖြစ်ဦးဆောင်လျက်ရှိသည့် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ဗဟိုကော်မတီ (Central Committee for Data Accuracy and Quality of Statistics-CCDAQS) သည် မြန်မာနိုင်ငံ၏စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့်မဟာဗျူဟာ (NSDS) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ NSDS လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရန်အတွက် ဗဟိုကော်မတီ၏အောက်၌ လုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်း အဖွဲ့ (၁၀) ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ရေးဆွဲဖော်ပြထားချက် များကို ထိထိရောက် ရောက် အကောင်အထည် ဖော်ဆောင်နိုင်ခြင်းအားဖြင့် မဟာဗျူဟာမြောက်ရည်မှန်းချက်များ ပြည့်မီလာပြီး မြန်မာနိုင်ငံ၏ အမျိုးသားစာရင်းအင်းစနစ်သည် နိုင်ငံတကာမှ လက်ခံထားသော နည်းစနစ်၊ စံချိန်စံညွှန်း များနှင့်အညီ ယုံကြည်ကိုးစားနိုင်သော စာရင်းအင်းအချက်အလက်များကို အချိန်မီ ပြုစုထုတ်ပြန်ပေး နိုင်သည့် အခြေအနေသို့ ရောက်ရှိလာမည်ဖြစ်ပါသည်။

 Capture.JPG 3.JPG

မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်း

နိုင်ငံတကာတွင် ပြည်သူ့ရေးရာ ဖွားသေစာရင်းအင်းစနစ် (Civil Registration and Vital Statistics System CRvs) ကိုကျင့်သုံးလျက်ရှိရာ မြန်မာနိုင်ငံ၌ ပိုမိုအားကောင်းစေရေးအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ အနေဖြင့် မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

ဖွားသေမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ မြှင့်တင်ပြောင်းလဲမှုတစ်ခုအနေဖြင့် ယခင်ကအသုံးပြုခဲ့သော ဖွားသေ မှတ်ပုံတင်အရာရှိများအတွက် လက်စွဲစာအုပ် (၂၀၀၀ ပြည့်နှစ် ဇွန်လ) ကို ခေတ်စနစ်နှင့် လျော်ညီစေရန် မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာမှတ်ပုံတင်ခြင်း လုပ်ငန်းလမ်းညွှန် စာအုပ် (၂၀၁၇ ခုနှစ် ဇူလိုင်လ) အဖြစ် UNICEF ၏ ပံ့ပိုးကူညီမှုဖြင့် ရေးသားပြုစုခဲ့ပါသည်။ အဆိုပါလမ်းညွှန်စာအုပ်တွင် မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်းအတွက် လက်စွဲစာအုပ်မှ လမ်းညွှန်စာအုပ်အဖြစ် အဆင့်မြှင့်တင်ကာ ပြည့်စုံစွာဖော်ပြထားသည့်အပြင် အသစ်လျှော့ထားရှိ ချက်များကိုလည်း ဖော်ပြ ထားသဖြင့် ကောင်းစွာအသုံးပြုနိုင်သည့် လမ်းညွှန်စာအုပ် ဖြစ်ပါသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ အတွင်း မည်သည့်ဒေသတွင်မဆို မွေးဖွားခဲ့ပြီး မွေးလက်မှတ်မရရှိသေးသော ကလေးများနှင့် မြန်မာ နိုင်ငံ သားမိဘများမှ ပြည်ပနိုင်ငံများတွင် မွေးဖွားခဲ့ပြီး မွေးလက်မှတ် မရရှိသေးသည့် အသက် (၁၀) နှစ်အောက်ကလေးများအတွက် မွေးလက်မှတ်ထုတ်ပေးခြင်း စသည်ဖြင့် ဖြေလျှော့ဖော်ပြထားချက် များလည်း ပါဝင်ပါသည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကလေးတိုင်းထံ ကမ်းလင့်ရောက်ရှိနိုင်ရေး အစီရင်ခံစာ (လက်တွေ့ လုပ်ဆောင်ရန် ဦးစားပေးအညွှန်းကိန်းများ) ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်နိုင်ခဲ့ပြီး မြန်မာ နိုင်ငံရှိ ကလေးသူငယ် များအတွက် အမျိုးသားရေး ဦးစားပေးမှုများနှင့်အညီ ညွှန်ကိန်း (၄၅) ခုကို သတ်မှတ်ဖော်ထုတ်နိုင်ခဲ့ပါသည်။ အဆိုပါ အစီရင်ခံစာအား ပြုစုရာတွင် မြန်မာ့ကလေးသူငယ် များအတွက် မျှော်မှန်းချက်အသစ်ကို အကောင်အထည်ဖော် နိုင်စေရန်နှင့် အထောက်အကူဖြစ်စေမည့် အကြောင်းရင်းများကို စဉ်းစားထည့်သွင်းနိုင်စေရန်အတွက် ဗဟိုစာရင်းအင်းအဖွဲ့၊ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် UNICEF တို့ ပူးပေါင်း၍ အဆင့်မြင့် ညှိနှိုင်းဆွေးနွေးပွဲများကို ကျင်းပ၍ အကြံပြုချက်များ ရယူဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ပြည်သူ့ရေးရာ ဖွားသေမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ထိရောက်စွာ မြှင့်တင် ဆောင်ရွက်နိုင်စေရန်အတွက် လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၂၀) ဖြင့် ဖွဲ့စည်းခဲ့ပြီး အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအားဥက္ကဋ္ဌ၊ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ်အား အတွင်းရေးမှူးအဖြစ် ခန့်အပ် ခဲ့ပါသည်။

မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့ ပူးပေါင်းကာ မွေးဖွားမှုနှင့်သေဆုံးမှု မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွား နိုင်စေရန်အတွက် မွေးဖွားမှုနှင့် သေဆုံးမှု မှတ်တမ်းများအား ဒစ်ဂျစ်တယ်နည်းစနစ်ကို အသုံးပြု၍ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် အဆိုပါကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်သူ့ရေးရာ မှတ်ပုံတင်ခြင်းနှင့် ဖွားသေမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ (Civil Registration and Vital statistics Law-CRVs Law) ရေးဆွဲနိုင်ရေးအတွက်လည်း သက်ဆိုင်ရာဦးစီးဌာနများ ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ ကျင်းပလျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် မွေးဖွားမှုနှင့်သေဆုံးမှုမှတ်ပုံတင်ခြင်းအတွက် e - Platform စနစ်ကို အကောင်အထည် ဖော်နိုင်ခဲ့ရာ ယခုအခါတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအပြင် မြို့နယ်အဆင့်ထိ Electronic System ဖြင့် ကောင်းစွာ ချိတ်ဆက်အသုံးပြုနိုင်ပြီဖြစ်ပါသည်။ မိုဘိုင်းနည်းပညာမှတစ်ဆင့် အီလက်ထရွန်နစ်ဖြင့် ဖွားသေမှတ်ပုံတင်ခြင်း (Mobile Birth and Death Registration-MBDR) ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှစတင်၍ အခြေခံကျန်းမာရေးဝန်ထမ်းများက Mobile Tablet ဖြင့် မွေးဖွားမှုနှင့်သေဆုံးမှု အချက်အလက်များကို ကောက်ယူနိုင် ရန် မွန်ပြည်နယ်မှ စတင်၍ စမ်းသပ်ကောက်ယူခဲ့ပြီး တစ်နိုင်ငံလုံး လွှမ်းခြုံကောက်ယူနိုင်စေရန် ဆောင်ရွက်လျက် ရှိပါသည်။

ထို့အပြင် သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်း၊ သေဆုံးမှုနှင့် ဆက်နွှယ်သည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကိန်းများ တွက်ချက်ခြင်း၊ မြန်မာနိုင်ငံတွင် အဖြစ်အများဆုံးရောဂါဖြင့် သေဆုံးရခြင်း အကြောင်း ရင်းများ ဖော်ထုတ်ခြင်းနှင့် သေဆုံးမှုဆိုင်ရာစာရင်းအင်းများ မှန်ကန်ပြည့်စုံစွာ အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရန်အတွက် ဗဟိုစာရင်းအင်းအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းဖြစ်သော Bloomberg D4H ၏ နည်းပညာပံ့ပိုးမှုဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း

Capture.JPG 4.JPG

မြန်မာနိုင်ငံတွင် သေဆုံးရသောရောဂါ အကြောင်းရင်းကို ဖော်ထုတ်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နေပြည်တော် ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၅) ခုမှ မြို့နယ် (၄၂) မြို့နယ်ကို ရွေးချယ်ပြီး Verbal Autopsy နည်းကို အသုံးပြု၍ Tablets ဖြင့် စာရင်းရေးသွင်းပြီး ဆေးရုံဆေးခန်းပြင်ပတွင် ဖြစ်ပွားသော သေဆုံးမှုများအတွက် သေဆုံးရသော ရောဂါအကြောင်းရင်း များကို ဖော်ထုတ်မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စတင်ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတကာတွင်သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ သေဆုံးမှုဆိုင်ရာ အကြောင်းရင်းများကို ဖော်ထုတ်မှတ်တမ်း ယူနိုင်ရန်အတွက် သေဆုံးမှုပုံစံ-၂၀၁ (Medical Certification of Causes of Death Form) ဖြည့်စွက်နိုင်စေရန် ပြည်သူ့ဆေးရုံ (၁၃၀) ရုံမှ ဆရာဝန် (၄၀၀၀) ဦးခန့်ကို သင်တန်းများ ပေးခဲ့ပါသည်။ သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်းကို ၂၀၁၆ ခုနှစ်တွင် မြို့နယ်ပေါင်း (၁၄) မြို့နယ်ဖြင့်သာ စတင်ဆောင်ရွက်နိုင်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် မြို့နယ်ပေါင်း (၄၂) မြို့နယ်အထိ တိုးတက် ကောက်ယူ နိုင်ခဲ့ပါသည်။

စီမံချက် လုပ်ငန်းဆောင်ရွက်နေသော (၄၂) မြို့နယ်ပြမြေပုံ

Capture.JPG 5.JPG

ထိုသို့ဆောင်ရွက်ချက်များကြောင့် သေဆုံးမှုမှတ်ပုံတင်လွှမ်းခြုံမှုမှာ ၂၀၁၆ ခုနှစ်တွင် ၄၄ ရာခိုင်နှုန်းသာ ရှိခဲ့ရာ မှ ၂၀၁၉ ခုနှစ်တွင် ၇၄ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးတက်လာသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် ရပ်ကွက်ကျေးရွာများ၌ ၂၀၁၈ ခုနှစ်တွင် သေဆုံးမှုများ၏ ၆၇ ရာခိုင်နှုန်းကို လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် သေဆုံးမှုများ၏ ၇၁ ရာခိုင်နှုန်းကိုလည်းကောင်း Verbal Autopsy နည်းဖြင့် သေဆုံးရသောရောဂါအကြောင်းရင်းများကို ဖော်ထုတ်ပေးနိုင်ခဲ့ပါသည်။ ထိုသို့ကောက်ယူရရှိသည့် အချက်အလက်များကို အသုံးပြု၍ မြန်မာနိုင်ငံကိုယ်စားပြု မကူးစက်နိုင်သောရောဂါ (Non Communicable Disease-NCD) ဆိုင်ရာ ညွှန်ကိန်းများ၊ အမျိုးသားညွှန်ကိန်းမူဘောင်တွင် ( ပါရှိသည့် ညွှန်ကိန်းများကို တွက်ချက်နိုင်ခဲ့သည့်အပြင် သေဆုံးမှုဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အခြေခံပြီး ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်လေ့လာမှုမူဘောင် (Global Monitoring Frame-work) နှင့် မကူးစက်သောရောဂါ နှင့်စပ်လျဉ်းသည့် မဟာဗျူဟာဆိုင်ရာ (၅) နှစ်စီမံကိန်းတို့ကို ရေးဆွဲနိုင်ခဲ့ ပါသည်။

အထူးသဖြင့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များအတွက် အများဆုံးဖြစ်ပွားသော သေဆုံးမှုဆိုင်ရာ ရောဂါအကြောင်းရင်း များနှင့်စပ်လျဉ်းသည့် စာရင်းအင်းများကို နှစ်စဉ် မြန်မာစာရင်း အင်းစာစောင် (၂၀၂၀) တွင် ထည့်သွင်းဖော်ပြနိုင်တော့မည်ဖြစ်ပါသည်။

စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများ

Capture.JPG 6.JPG

(က) မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း (၂၀၁၇)

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှင့် နေထိုင်မှုအခြေအနေကို သိရှိနိုင်ရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးကို အထောက်အကူပြုစေရန်အတွက် မြန်မာနေထိုင်မှု အခြေအနေစစ်တမ်း (၂၀၁၇) (Myanmar Living Conditions Survey- MLCs) (2017) ကို ကမ္ဘာ့ဘဏ် (WB) နှင့် ကုလသမဂ္ဂဖွံ့ ဖြိုးမှုအစီအစဉ် (UNDP) တို့၏ပံ့ပိုးမှုဖြင့် ကောက်ယူခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ စစ်တမ်းသည် ယခင်က ကောက်ယူခဲ့သည့် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှု စစ်တမ်း (House-hold Income and Expenditure Survey-HIES) မြန်မာနိုင်ငံ အိမ်ထောင်စု စားဝတ်နေရေး အခြေအနေ ဘက်စုံလေ့လာမှုစစ်တမ်း (Integrated Household Living Conditions Assessment Survey-IHLCA) နှင့် မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှုနှင့် စားဝတ်နေရေး အခြေအနေစစ်တမ်း (Myanmar Poverty and Living Conditions Survey-MPLCS) တို့ကို ပေါင်းစည်း၍ တစ်စုတည်းဖြစ်အောင် ကောက်ယူခဲ့သည့် စစ်တမ်းဖြစ်ပြီး ဗဟိုစာရင်းအင်းအဖွဲ့ မှ (၅) နှစ်တစ်ကြိမ် ကောက်ယူမည့် စစ်တမ်းတစ်ခု ဖြစ်ပါသည်။

အဆိုပါစစ်တမ်းသည် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးများ ပြည်နယ်များအတွင်းရှိ ခရိုင်/မြို့နယ်များနှင့် မြို့ပြ/ကျေးလက်ဒေသများအားလုံးကို ကိုယ်စားပြုပါသည်။ ကောက်ယူရာတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ နမူနာစာရင်းစဉ် (Sampling Frame) ပေါ်တွင်အခြေခံ၍ မြို့နယ်ပေါင်း (၃၃၀) မြို့နယ်အနက် (၂၉၆) မြို့နယ်၌ စာရင်းကောက် ကွက်ပေါင်း (၁,၁၄၅) ခုမှ အိမ်ထောင်စုပေါင်း (၁၃,၇၃၀) စုကို စာရင်းအင်း နည်းပညာဖြင့် ရွေးချယ်ကာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ တစ်နှစ်ပတ်လုံး ကောက်ယူခဲ့ခြင်းဖြစ်ပါသည်။

မြန်မာနေထိုင်မှုအခြေအနေစစ်တမ်းမှ တွေ့ရှိချက်များအနေဖြင့် အဓိကညွှန်ကိန်းများ အစီရင်ခံစာ (Key Indicators Report) ကို ၂၀၁၈ ခုနှစ် ဇွန်လတွင်လည်းကောင်း၊ ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာ (Poverty Report) ကို ၂၀၁၉ ခုနှစ် ဇွန်လတွင်လည်းကောင်း၊ လူမှု-စီးပွား အစီရင်ခံစာ (Socio-economic Report) ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင်လည်းကောင်း ထုတ်ပြန်ခဲ့ပါသည်။

Capture.JPG 7.JPG

(ခ) မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းစစ်တမ်း

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများကို စောင့်ကြည့်လေ့လာသည့်စနစ် (Myanmar Enterprises Monitoring System) အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဗဟိုစာရင်း (အင်းအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား အရေအတွက်နှင့် အရည်အသွေးဆိုင်ရာ စီးပွားရေးလုပ်ငန်းစစ်တမ်းများကို ကောက်ယူလျက်ရှိပါသည်။ ဗဟိုစာရင်းအင်းအဖွဲ့ အနေဖြင့် မြန်မာစီးပွားရေး လုပ်ငန်းစစ်တမ်းကို ၂၀၁၅ ခုနှစ်တွင် ကောက်ယူခဲ့ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) အရေအတွက်ဆိုင်ရာ စစ်တမ်းကို ၂၀၁၇ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် လည်းကောင်း၊ မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) အရည်အသွေးဆိုင်ရာ စစ်တမ်းကို ၂၀၁၈ ခုနှစ်တွင် လည်းကောင်း ကောက်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင်လည်း အရည်အသွေးဆိုင်ရာ စစ်တမ်းကို ထပ်မံ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါစစ်တမ်းများမှ တွေ့ရှိချက်အစီရင်ခံစာများကိုလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။

 Capture.JPG 8.JPG

(ဂ) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်း

သဘာဝဘေးအန္တရာယ် အများဆုံးခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်များနှင့် ကျေးရွာများတွင် သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊ ဘေးအန္တရာယ်အပေါ် တုံ့ပြန်ဆောင်ရွက်ရန်၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော စာရင်းအင်းအချက်အလက်များ ရရှိနိုင်ရေး အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစစ်တမ်းကို ၂၀၁၆ ခုနှစ်မှ စတင်၍ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ကွင်းဆင်းကောက်ယူခဲ့ပြီး အစီရင်ခံစာများအား ရေးသားပြုစု ခဲ့ပါသည်။

(ဃ) ချင်းပြည်နယ်၏ ပညာရေး အခြေခံအချက်အလက်များနှင့် လိုအပ်ချက်များ အကဲဖြတ်ခြင်း စစ်တမ်း

ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့် စာရင်းအင်းဥပဒေအရ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စာရင်းအင်းများကို စစ်တမ်းများ ကောက်ယူ၍ သော်လည်းကောင်း၊ သက်ဆိုင်ရာဌာနများသို့ အမှာစာများ ပေးပို့၍ သော်လည်းကောင်း ကောက်ယူစုစည်းတင်ပြလျက်ရှိရာ နိုင်ငံတော်၏ ပညာရေးကဏ္ဍ စာရင်း အချက်အလက်များ လိုအပ်ချက်နှင့်အညီ ချင်းပြည်နယ်၏ ပညာရေးအခြေခံ အချက်အလက်များနှင့် လိုအပ်ချက်များ အကဲဖြတ်ခြင်းစစ်တမ်း (၂၀၁၆-၂၀၁၇ ပညာသင်နှစ်) ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ တွင်ကောက်ယူခဲ့ပါသည်။ အဆိုပါစစ်တမ်းကို လမ်းပန်းဆက်သွယ်ရေးနှင့် ဘာသာစကား အခက်အခဲ ရှိသည့်ကြားမှ ကောက်ယူခဲ့ရသော်လည်း အကျိုးကျေးဇူးအနေဖြင့် ချင်းပြည်နယ်၏ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေခြင်း၊ ချင်းပြည်နယ်ရှိ အခြေခံပညာကျောင်းများ၏ လိုအပ်ချက်များကို အထောက်အပံ့ဖြစ်စေခြင်းနှင့် ပညာရေးကဏ္ဍတွင် လက်တွေ့ကျသည့် စီမံကိန်းများကို ရေးဆွဲရာတွင် အထောက်အကူပြုနိုင်သည့် စာရင်းအင်း အချက်အလက်များကို ရရှိပြုစုနိုင်ခဲ့ပါသည်။

(င) covID-19 ဆိုင်ရာ စစ်တမ်းကောက်ယူမှုအခြေအနေနှင့် အကောင်အထည်ဖော်မှု

ဗဟိုစာရင်းအင်းအဖွဲ့သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံတွင် လူမှုရေးနှင့် စီးပွားရေး ထိခိုက်မှုအန္တရာယ် ကျရောက်လွယ်သော အဓိကအုပ်စု (Vulnerable Groups) များကို ကိုယ်စားပြုနိုင်သည့် နမူနာအုပ်စုတစ်ခုကို ရွေးချယ်၍ CoVID-19 ၏ သက်ရောက်မှုနှင့် စီးပွားရေး စွမ်းဆောင်ရှင်များနှင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုအပေါ် COVID-19 ၏ သက်ရောက် မှုကို ဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံတွင် COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများအပေါ် ဆန်းစစ်ခြင်း စစ်တမ်းကို ဆောင်ရွက်လျက်ရှိပါသည်။ တယ်လီဖုန်းဖြင့် စစ်တမ်းကောက်ယူခြင်းလုပ်ငန်းကို နှစ်ကြိမ်ခွဲ၍ ဆောင်ရွက်မည် ဖြစ်ပါသည်။ ပထမအကြိမ် စစ်တမ်းကောက်ယူမှုကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ဆောင်ရွက်လျက်ရှိပြီး ဒုတိယအကြိမ် စစ်တမ်းကောက်ယူမှုကို ၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်မည် ဖြစ်ပါသည်။

အမျိုးသားညွှန်ကိန်းမူဘောင်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan-MSDP) ကို ရေးဆွဲထုတ်ပြန်ခဲ့ရာ အဆိုပါစီမံကိန်းအား အကောင်အထည်ဖော်ရာတွင် တိုးတက်မှု များအား စောင့်ကြည့်အကဲဖြတ် နိုင်စေရန်အတွက် အမျိုးသားညွှန်ကိန်းမူဘောင် (National Indicator Framework-NIF) ကို ဖော်ထုတ်နိုင်စေရန် ဗဟိုစာရင်းအင်းအဖွဲ့မှ ဦးဆောင်ကာ ဆောင်ရွက်လျက် ရှိပါသည်။ အမျိုးသားညွှန်ကိန်းမူဘောင်၏ ညွှန်ကိန်းများ ဖော်ထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ စာရင်းအင်း အရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့များနှင့် ကျွမ်းကျင်သူများ ပါဝင်သည့် လုပ်ငန်းအဖွဲ့ (၁၃) ဖွဲ့ ဖွဲ့စည်း၍ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ ပံ့ပိုးကူညီမှုဖြင့် ဆွေးနွေးညှိနှိုင်းပွဲများကို ညွှန်ကိန်းများ ဖော်ထုတ်နိုင်ရေးအတွက် သုံးကြိမ်၊ ၎င်းညွှန်ကိန်းများ၏ Metadata များ ဖော်ထုတ် နိုင်ရေးအတွက် သုံးကြိမ်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ရာ လက်ရှိတွင် အမျိုးသားညွှန်ကိန်း မူဘောင် (နောက်ဆုံးမူကြမ်း) အား ရရှိထားပြီးဖြစ်ပြီး ထုတ်ဝေ နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်လျက် ရှိပါသည်။

အဆိုပါမူဘောင်သည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ၏ တိုးတက်မှုနှင့် အောင်မြင်မှုကို စောင့်ကြည့်အကဲဖြတ်နိုင်ရုံသာမက စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များအား အကောင်အထည်ဖော်ဆောင်မှု လုပ်ငန်းစဉ်များကိုပါ စောင့်ကြည့် အကဲဖြတ်နိုင်မည့် မူဘောင်တစ်ခုအနေဖြင့် အသုံး ပြုနိုင်မည်ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် NIF Data Report အတွက်လည်း အချက်အလက်များကို ကောက်ယူစုစည်း ထားရှိပြီး အစီရင်ခံစာ ထွက်ရှိ နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ညွှန်ကိန်းများသည် စီမံကိန်းများ၏ အောင်မြင် မှုကို စောင့်ကြည့်လေ့လာအကဲဖြတ်ရာတွင်သာမက ပြုပြင်ပြောင်းလဲမှုများအတွက် အခြေခံကျသည့် သတင်းအချက်အလက်များ ရရှိနိုင်စေရန်လည်း အထောက်အပံ့ပြုမည်ဖြစ်သည့်အတွက် များစွာ အကျိုးရှိစေမည် ဖြစ်ပါသည်။

စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းတွက်ချက်ခြင်း

ဒုတိယကမ္ဘာစစ် မဖြစ်မီကာလ ၁၉၂၈ ခုနှစ်မှစတင်၍ ရန်ကုန်မြို့ အလုပ်သမားများအတွက် စားသုံးသူ ဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို အလုပ်သမားဌာနမှ တာဝန်ယူတွက်ချက်ခဲ့ပြီး ဒုတိယကမ္ဘာ စစ်ပြီးနောက်ပိုင်း ကာလတွင် ဗဟိုစာရင်းအင်းအဖွဲ့ (ယခင် ဗဟိုစာရင်းအင်းနှင့် စီးပွားရေးဦးစီးဌာန) မှ ဆက်လက်ပြီး ရန်ကုန်မြို့ပေါ်ရှိ ပျမ်းမျှအိမ်ထောင်စုများ၏ လစဉ်စားသုံးသူဈေးဆနှုန်းကို တွက်ချက် ခဲ့ပါသည်။ ယခုအခါတွင် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့် စားသုံးသူဈေးဆနှုန်းကို အခြေခံနှစ် ၂၀၁၂ ခုနှစ် အသုံးပြု၍ accom032208 Classification of Individual consumption according to Purpose (COICOP) 0$ og ၂၀၁၆ ခုနှစ်သြဂုတ်လမှ စတင်ပြောင်းလဲတွက်ချက် ထုတ်ပြန်နိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံရှိ မြို့နယ် ပေါင်း (၈၂) မြို့နယ်၌ အစားအစာအုပ်စုအတွက် ကုန်ပစ္စည်း (၁၀၈) မျိုးနှင့် အစားအစာမဟုတ်သော အုပ်စု အတွက် ကုန်ပစ္စည်း (၁၆၆) မျိုး စုစုပေါင်းကုန်ပစ္စည်း (၂၇၄) မျိုးကို ကောက်ယူလျက်ရှိရာ ၂၀၀၆ ခုနှစ်ကထက် ကုန်ပစ္စည်း အမျိုးအစားအသစ် (၁၁၆) မျိုးကို ပိုမို ကောက်ယူတွက်ချက်နိုင်ခဲ့ပါသည်။ လက်ရှိကာလတွင် အသုံးပြုခြင်း မရှိတော့သည့် ပစ္စည်းများကို ဖယ်ထုတ်ကာ ခေတ်သစ်အသုံးပြု နေသည့် ပစ္စည်းအမျိုးအစားများကို ထပ်ဖြည့် ကောက်ယူခဲ့သည့်အတွက် လက်ရှိစားသုံးမှုပုံစံကို ထင်ဟပ်စေပါသည်။

ဆက်လက်၍လည်း မြန်မာနေထိုင်မှု အခြေအနေစစ်တမ်း (၂၀၁၇) မှ ရရှိသော အချက်အလက်များကို အသုံးပြု၍ ၂၀၁၇ ခုနှစ်အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းကို ပြောင်းလဲတွက်ချက်နိုင်ရန် ဆောင်ရွက် လျက်ရှိပါသည်။

စာရင်းအင်းအချက်အလက်ဆိုင်ရာ ပြုစု၊ ထုတ်ပြန်၊ ဖြန့်ဖြူးခြင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် (၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁) စာရင်းအင်း ဥပဒေအရ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စာရင်းအင်းများကို ကောက်ယူစုစည်း ပြုစုလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့ အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့ အစည်းများ၏ ပူးပေါင်းပံ့ပိုးမှုဖြင့် စာရင်းအင်းအချက် အလက်များကို စုစည်းခြင်း၊ ပြုစုခြင်း၊ ခွဲခြားဆန်းစစ်ခြင်း၊ အစီရင်ခံခြင်းစသည့် လုပ်ငန်းစဉ်များပြုလုပ်ကာ လစဉ် စီးပွားရေးညွှန်ကိန်း စာစောင်၊ သုံးလပတ်စာရင်းအင်းစာစောင်နှင့် နှစ်စဉ်မြန်မာစာရင်းအင်း စာစောင်တို့ကိုပုံမှန်ထုတ်ဝေ လျက်ရှိသည့်အပြင် မြန်မာလယ်ယာစာရင်းအင်းစာစောင် (Myanmar Agricultural statistics) အား (၁၀) နှစ်စာ Time Series Data များဖြင့် ပြီးခဲ့သည့် (၄)နှစ်တာ ကာလအတွင်း (၄)ကြိမ်တိုင်တိုင် ပုံနှိပ် ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။

အထူးသဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ အနေဖြင့် ကဏ္ဍအလိုက် စာရင်းအင်းဆိုင်ရာ အချက်အလက်များ၊ စစ်တမ်းအစီရင်ခံစာများ၊ အဓိက ဈေးနှုန်းအချက်အလက် များဖြစ်သည့် ရွှေဈေးနှုန်း၊ ငွေလဲလှယ်မှုနှုန်းများ၊ စက်သုံးဆီဈေးနှုန်းများ၊ ကုန်ပစ္စည်းဈေးနှုန်းများ၏ နေ့စဉ် Update အချက်အလက်များနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်ဆိုင်ရာ အချက်အလက် များအပြင် အခြားစာရင်းအင်းဆိုင်ရာ သိမှတ်စရာများဖြစ်သည့် စာရင်းအင်းဥပဒေ၊ စာရင်းအင်းမူဝါဒ၊ စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့်မဟာဗျူဟာ စသည်တို့ကဲ့သို့သော အချက်အလက်များနှင့် ဌာန၏ လတ်တလောဆောင်ရွက်ချက်များကို ဗဟိုစာရင်းအင်းအဖွဲ့၏ Website များဖြစ်သည့် www.mmsis.gov.mm နှင့် www.csostat.gov.mm တို့တွင် လွှင့်တင်ထုတ်ပြန်လျက်ရှိပါ သည်။ အဆိုပါ website များအား အခြားဌာနအဖွဲ့ အစည်းများနှင့် ပူးပေါင်းချိတ်ဆက်၍ စာရင်းအင်းဆိုင်ရာ အချက် အလက်များ ပိုမိုပံ့ပိုးပေးနိုင်စေရန် ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များအား Infographic op: www.csostat.gov.mm CSO Facebook Page နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ပြည်သူသို့ အပတ်စဉ် တင်ပြပေးလျက်ရှိပါသည်။

ထို့အပြင် ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့် အာဆီယံအသိုက်အဝန်း စာရင်းအင်းစနစ် (ASEAN Community Statistical System ACSS) အောက်ရှိ လုပ်ငန်းအဖွဲ့များဖြစ်သည့် Working Group on International Merchandise Trade Statistics (WGIMTS) I Working Group on International Investment Statistics (WGIIS). Working Group on Statistics of International Trade in Services (WGSITS) Working Group on Data Sharing, Analysis, Dissemination and Communication of ASEAN Statistics (WGDSA) Working Group on Social Development Goal Indicators (WGSDGI) $© Working Group on System on National Account (WGSNA) တို့တွင် အဖွဲ့ဝင်များအဖြစ် ပါဝင်၍ မြန်မာနိုင်ငံဆိုင်ရာ အရည်အသွေးပြည့်ဝသည့် စာရင်းအင်းအချက်အလက် များကို အသုံးပြုသူများ လွယ်ကူစွာ ချိတ်ဆက်ရယူနိုင်ရန်အတွက် အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေး ခြင်းဖြင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။

Capture.JPG 9.JPG

 

Capture.JPG 10.JPG

 

 Capture.JPG 11.JPG

 

Capture.JPG 12.JPG

 

 Capture.JPG 13.JPG

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

(က) စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ

မြန်မာနိုင်ငံတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးလုပ်ငန်းများအား တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာနအောက်၌ စွမ်းအင်နှိုးခြံချွေတာရေးဌာနအား ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ စွမ်းအင်ဖြိုးခြံ ချွေတာရေးဌာနသည် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး ဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ် (National Energy Efficiency & Conservation Policy, Strategy and Roadmap for Myanmar)အား ၂၀၁၅ ခုနှစ်၌ Asian Development Bank ၏ နည်းပညာအကူအညီဖြင့် ရေးဆွဲပြုစုခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။

စွမ်းအင်နှိုးခြံချွေတာရေးဌာနသည် ချမှတ်ပြဋ္ဌာန်းထားသည့် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေး ဆိုင်ရာ မူဝါဒများနှင့်အညီ စက်မှုကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့် လူနေမှုအဆောက်အအုံကဏ္ဍတို့တွင် စွမ်းအင်အကျိုးရှိထိရောက် စွာသုံးစွဲရေးနှင့်စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲများ ကျင်းပခြင်း၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်စက်ရုံများတွင် စွမ်းအင်စီမံခန့်ခွဲမှုစနစ်အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ စွမ်းအင်သုံးစွဲမှုများအားစစ်ဆေး၍ စွမ်းအင်သုံးစွဲမှု လျော့ကျစေပြီး သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်စေသည့် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျော့ကျစေ သည့် အစီအမံများကို ဆောင်ရွက်ပေးသည့် Energy Audit ပြုလုပ်ခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။

ထို့အပြင် စွမ်းအင်သုံးစွဲမှုများပြားသည့် စက်ရုံအလုပ်ရုံများနှင့် အဆောက်အအုံများ၌ အပူစွမ်းအင်နှင့် လျှပ်စစ် စွမ်းအင်သုံးစွဲမှုများတွင် ထိထိရောက်ရောက်အသုံးချနိုင်စေရန်ရည်ရွယ်၍ စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး လမ်းညွှန်ချက်များ (Energy Conservation Guidelines for Factories and Buildings) ကိုရေးဆွဲပြဋ္ဌာန်းခဲ့ပါသည်။ မူဝါဒပါလုပ်ငန်းစဉ်များနှင့် လမ်းညွှန်ချက်များအား လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်လည်း စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးနှင့် ထိန်းသိမ်းရေးဥပဒေတစ်ရပ်ကိုလည်း ရေးဆွဲလျက်ရှိရာ မူကြမ်းပြုစုပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍတွင် အထောက်အကူဖြစ်စေပြီး နိုင်ငံ့အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းမှ ဖြစ်ထွန်း တိုးတက်စေသည့် ဤဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့်စီမံကိန်းနှင့် လတ်တလောဆောင်ရွက်နေ သည့်စီမံကိန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) မြန်မာနိုင်ငံ၏ စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများ၌ စွမ်းအင်သုံးစွဲရာတွင် အကျိုးရှိ ထိရောက်စွာသုံးစွဲစေရန် ရည်ရွယ်၍ Resource Efficient and cleaner Production- RECP Project အား ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေးအဖွဲ့ (UNIDO) နှင့်ပူးပေါင်း၍ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ နှစ်နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းဆောင်ရွက်မှုများတွင် RECP နည်းပညာဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ RECP နည်းပညာနှင့် စပ်လျဉ်းသည့် သင်တန်းများအား ပြည်ပကျွမ်းကျင်ပညာရှင်များဖြင့် ဖွင့်လှစ်ပို့ချခြင်း၊ Pilot အနေဖြင့် စက်ရုံ/အလုပ်ရုံများနှင့် ဟိုတယ်အချို့တွင် စွမ်းအင်သုံးစွဲမှုမှတ်တမ်းများ ကောက်ယူ၍ စွမ်းအင်သုံးစွဲ မှုအား စစ်ဆေးခြင်း၊ စွမ်းအင်ချွေတာနိုင်မှုအခြေအနေများအား ရှာဖွေခြင်းစသည့် လက်တွေ့ဆောင်ရွက် သော Factory Assessment ပြုလုပ်ခြင်းများ ပါဝင်ပါသည်။ ယင်းသို့ Pilot Factory Assessment ဆောင်ရွက်၍ တွေ့ရှိသည့် စွမ်းအင်ချွေတာနိုင်မှု အခြေအနေများအား လိုက်နာဆောင်ရွက်ခြင်းဖြင့် လျှပ်စစ်သုံးစွဲမှုတွင် ၆၈၇,၃၉၆ ကီလိုဝပ်နာရီ၊ သဘာဝအရင်းအမြစ်ဖြစ်သည့် ရေသုံးစွဲမှုတွင် ကုဗမီတာ ပေါင်း ၂၁၈,၀၆၄ နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှု၌ တန်ချိန်ပေါင်း ၃၅၅ ကျော် လျှော့ချနိုင်ခဲ့ပါသည်။ စွမ်းအင်အား အကျိုးရှိထိရောက်စွာ သုံးစွဲ၍ ချွေတာနိုင်မှုများမှတစ်ဆင့် စီးပွားရေးဆိုင်ရာအကျိုးရလဒ်အနေဖြင့် အမေရိကန်ဒေါ်လာ ၆၄,၄၅၉ ရရှိစေခဲ့ပါသည်။

(ခ) မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍတွင် စွမ်းအင်အကျိုးရှိစွာသုံးစွဲရေးလုပ်ငန်းများ တိုးတက်လာခြင်းဖြင့် စက်မှုလုပ်ငန်းများတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချခြင်းကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍ Improvement of Industrial Energy Efficiency in Myanmar-IEE Project အား ၂၀၁၅ ခုနှစ်မှ စတင်၍ ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့ (UNIDO) နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ စီမံကိန်းဆောင်ရွက်မှုများတွင် စွမ်းအင်သုံးစွဲခြင်းဆိုင်ရာ စီမံခန့်ခွဲမှု စနစ်နှင့်စပ်လျဉ်းသည့် အသိပညာပေးအလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ စွမ်းအင်အကျိုးရှိစွာ အသုံးချရေး သင်တန်းများဖြစ်သည့် Energy Management System Compressed Air System Optimization & Steam System Optimization သင်တန်းများကို ပြည်ပကျွမ်းကျင်ပညာရှင်များဖြင့် User Level နှင့် Expert Level ဟူ၍ ခွဲခြားပို့ချခြင်း၊ လက်တွေ့ပိုင်းအနေဖြင့် စက်ရုံအလုပ်ရုံများတွင် ပြည်ပပညာရှင်များ၏အနီးကပ်သင်ကြားပို့ချမှုများဖြင့် စွမ်းအင်သုံးစွဲမှုမှတ်တမ်းများအား အခြေခံ၍ စွမ်းအင်သုံးစွဲမှုအား စစ်ဆေးခြင်း၊ စွမ်းအင်သုံးစွဲမှုတိုင်းတာသည့် Equipment များ အသုံးပြု၍ စွမ်းအင်သုံးစွဲနေမှုအခြေအနေအား တွက်ချက်ဆန်းစစ်ခြင်းနှင့် စွမ်းအင်ချွေတာနိုင်မှုများအား ရှာဖွေခြင်း စသည့် Factory Assessment ပြုလုပ်ခြင်းတို့ ပါဝင်ပါသည်။ စီမံကိန်းစတင်ချိန်မှ ယခုအချိန်အထိ စက်ရုံများ၌ Factory Assessment ပြုလုပ်ခဲ့မှု မှတ်တမ်းများအရ Saving Potential မှာ လျှပ်စစ်သုံးစွဲမှု တွင် မဂ္ဂါဝပ်နာရီပေါင်း ၃,၈၀၃ နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်စေသည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု၌ တန်ချိန် ပေါင်း ၁၆၃,၇၈၀ ကျော် လျှော့ချနိုင်မည်ဖြစ်ပြီး စီမံကိန်းဆောင်ရွက် မှုအား ၂၀၂၁ ခုနှစ်အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ (ဂ) စွမ်းအင်သုံးစွဲမှုနည်းပါးပြီး စွမ်းဆောင်ရည် ကောင်းမွန်သည့် လျှပ်စစ်ပစ္စည်းများ၏ ဈေးကွက် ကျယ်ကျယ် ပြန့်ပြန့်ပေါ်ပေါက် လာစေရန်နှင့် စွမ်းဆောင်ရည်ကောင်းမွန်သည့် လျှပ်စစ်ပစ္စည်းများအား ပြည်သူများရွေးချယ် ဝယ်ယူအသုံးပြုစေရန် ရည်ရွယ်၍ Leapfrogging Myanmar's Market to High Efficient Lighting and Appliances စီမံကိန်းအား United Nations Environment Prgramme-UNEP နှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းအရ အလင်းထွက်ပစ္စည်းများနှင့် လေအေးပေးစက်များတွင် လျှပ်စစ်စွမ်းအင်သုံးစွဲမှုနှင့် စပ်လျဉ်း၍ အနည်းဆုံးရှိရမည့် စွမ်းအင် စွမ်းဆောင်ရည် တန်ဖိုး (Minimum Energy Performance Standard- MEPS) သတ်မှတ်ခြင်း၊ သတ်မှတ်တန်ဖိုးအား အခြေခံ၍ Rating သတ်မှတ်ပြီး ကုန်ပစ္စည်းအပေါ်တွင် စွမ်းအင်ဆိုင်ရာ တံဆိပ် ကပ်နှိပ်ဖော်ပြခြင်း စသည့် standard and Labeling System ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်း၏သက်တမ်းမှာ (၃)နှစ် ဖြစ်ပါသည်။

Capture.JPG 14.JPG

 

Capture.JPG 15.JPG

(ခ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆောင်ရွက်ချက်များ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနသည် နိုင်ငံတော်၏ စက်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများအား မွေးထုတ်ပေးရန်နှင့် လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စက်မှုသင်တန်းကျောင်း (၆)ကျောင်းကို ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း များ၏ နည်းပညာအထောက်အပံ့များဖြင့် ဖွင့်လှစ်တည်ထောင်ထားရှိပြီး စက်မှုကျွမ်းကျင်လုပ်သားများအား နှစ်စဉ် ပုံမှန်သင်တန်းများကို ဖွင့်လှစ်ကာ လေ့ကျင့်သင်ကြား ပေးလျက်ရှိပါသည်။ (၄)နှစ်ကျော်ကာလအတွင်း သင်တန်းကျောင်း (၆)ကျောင်းမှ သင်တန်းဆင်းဦးရေနှင့် အလုပ်အကိုင်ရရှိမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 Capture.JPG 16.JPG

အထက်ဖော်ပြပါ သင်တန်းကျောင်း (၆) ကျောင်းအနက် အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ) မှာ (၁) နှစ်သင်တန်းမှ (၂) နှစ် သင်တန်းအထိ တိုးမြှင့်ဖွင့်လှစ်လျက်ရှိပါသည်။ အမှတ်(၁) စက်မှု သင်တန်းကျောင်း (ဆင်တဲ) ' အား စံပြသင်တန်းကျောင်း (Center of Excellence) ဖြစ်စေရန်အတွက် GIZ ၏အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိရာ Quality Management System အတွက် ချီးမြှင့်သည့် ISO 9001: 2015 Certificate ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ရယူနိုင်ခဲ့ပြီဖြစ်ပါသည်။ ရှေ့ဆက်၍ skill Level 4 အထိ အဆင့်မြင့် ကျွမ်းကျင်သင်တန်းများ ဖွင့်လှစ်ရန် သင်ရိုးညွှန်းရေး ဆွဲခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါသင်တန်းကျောင်း အဆင့်မြှင့်တင်ရေးကိစ္စရပ်များ ဆောင်ရွက်ရန် အတွက် လိုအပ်သည့်နည်းပြများ ဖြည့်ဆည်းနိုင်ရေး ဖွဲ့စည်းပုံတိုးချဲ့ရန် အဆိုပြုထား ရှိပါသည်။

စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်းများဖွင့်လှစ်ခြင်း

စက်မှုသင်တန်းကျောင်းများတွင် Mobile Vocational Training Unit များအား စုဖွဲ့ထားရှိပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံကျသော ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး နှင့် ဆင်းရဲမှုလျှော့ချရေး၊ ကျေးလက်နေပြည်သူများ စက်မှုအခြေခံအတတ်ပညာများ နားလည်သိရှိရေး၊ စက်မှုဇုန် လုပ်သားများ၏ ကျွမ်းကျင်မှုအဆင့်မြင့်မားစေရေး၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးရေးတို့ကို ရည်ရွယ်လျက် “စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်း” များကိုကျေးလက်ဒေသများအရောက် စက်မှုနှင့် အသက်မွေးပညာရက်တို သင်တန်းများအား ၂၀၁၄ ခုနှစ်မှစ၍ သင်ကြားပို့ချပေးလျက်ရှိပါသည်။ ၂၀၁၈ ခုနှစ်တွင် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ Mobile Vocational Training Truck (Automobile) (Electrical) (Welding) ဘာသာရပ်သင် သုံးစီးဖြင့် ဒေသအသီးသီးသို့ သွားရောက်ပြီး သင်ကြားပေးလျက်ရှိပါသည်။ အစိုးရသစ်လက်ထက်တွင် ပြည်နယ်နှင့် ၊ တိုင်းဒေသကြီးအလိုက် ဖွင့်လှစ်ပေးခဲ့သည့် Mobile သင်တန်း ဆင်းဦးရေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 Capture.JPG 17.JPG

ကာလတို (၃) လ သင်တန်းများဖွင့်လှစ်ခြင်း

ကျွမ်းကျင်လုပ်သားများဖြည့်ဆည်းပေးရန် ရည်ရွယ်ချက်ဖြင့် စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန အောက်ရှိ စက်မှုသင်တန်းကျောင်း (မန္တလေး၊ ပခုက္ကူ) တို့တွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အထောက်အပံ့ဖြင့် ကျွမ်းကျင်မှု အခြေပြု ကာလတို (၃) လသင်တန်း (Competency Based Modular Short Course) များကို (၄) နှစ်ကျော်ကာလအတွင်း တစ်ဖက်ပါအတိုင်း ဖွင့်လှစ်နိုင်ခဲ့ပါသည်-

Capture.JPG 18.JPGCapture.JPG 19.JPG

 

ဂျပန်ဘာသာစကား (၁)နှစ်သင်တန်းဖွင့်လှစ်ခြင်း

စက်မှုသင်တန်းကျောင်းဆင်း သင်တန်းသားများနှင့် ပြင်ပလူငယ်လူရွယ်များအတွက် စက်မှုဆိုင်ရာ ဘာသာရပ်များနှင့် ဂျပန်ဘာသာစကား နားလည်တတ်ကျွမ်းစေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) တွင် ဂျပန်ဘာသာစကား (၁)နှစ် သင်တန်းကို ဖွင့်လှစ်ပေးလျက်ရှိရာ (၄) နှစ်ကျော်ကာလအတွင်း အောက်ပါအတိုင်း ဖွင့်လှစ်နိုင်ခဲ့ပါသည်-

Capture.JPG 20.JPG

NSSA အသိအမှတ်ပြု (Assessment Center) များ ရရှိမှုအခြေအနေ

Capture.JPG 21.JPG

စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနအနေဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ဦးဆောင် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၏ ကော်မတီ(၁၅) ခုအနက် သတ္တုနှင့်အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီကို တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီသည် သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု“စံ”များကိုရေးဆွဲပေးလျက်ရှိရာ နိုင်ငံတော်အစိုးရ၏ (၄) နှစ်ကျော်ကာလအတွင်း ကျွမ်းကျင်မှု “စံ” (အဆင့်-၁) (၈)ခု၊ (အဆင့်-၂) (၉)ခု နှင့် (အဆင့်-၃) (၆)ခု စုစုပေါင်း ကျွမ်းကျင်မှု “စံ” (၂၃) ခုကို ရေးဆွဲအတည်ပြုပြီးဖြစ်ပါသည်။ ဆက်လက်ရေးဆွဲ လျက်ရှိသည့် ကျွမ်းကျင်မှု “စံ” များအနေဖြင့် အဆင့်(၂) အလုပ်အကိုင် (၂)ခု၊ အဆင့်(၃) အလုပ်အကိုင် (၃)ခု၊ အဆင့်(၄) အလုပ်အကိုင် (၆)ခု ရေးဆွဲလျက်ရှိပါသည်။

ရေးဆွဲအတည်ပြုပြီးဖြစ်သည့် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု“စံ”များဖြင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ် ပေးနိုင်ရန် ဤကော်မတီနှင့်သက်ဆိုင်သည့် စစ်ဆေးအကဲဖြတ်ရေးဌာနများ အသိအမှတ်ပြု လက်မှတ်ရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ရာ (၄)နှစ်ကျော်ကာလအတွင်း စစ်ဆေးအကဲဖြတ်ရေးဌာန (Assessment Centre) (အဆင့်-၁) (၂၁) ခု နှင့် (အဆင့်-၂) (၈)ခု စုစုပေါင်း (၂၉) ခု အသိအမှတ်ပြု လက်မှတ်ရရှိခဲ့ပြီးဖြစ်ပါသည်။

ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရာတွင် စစ်ဆေးအကဲဖြတ်မည့် စစ်ဆေးရေးမှူး (Assessor) များကို မွေးထုတ်ပေးခဲ့ရာ ဤကော်မတီနှင့် သက်ဆိုင်သည့် အလုပ်အကိုင်များတွင် (Assessor) (အဆင့်-၁) (၁၁၁) ဦးနှင့် (အဆင့်-၂) (၄၂) ဦး၊ (Assessor) စစ်ဆေးရေးမှူး စုစုပေါင်း (၁၅၃) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။

သတ္တုနှင့်အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီ အောက်ရှိ အလုပ်အကိုင်များမှ ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာရေး သက်ဆိုင်ရာ အလုပ်အကိုင် (၇) မျိုးတွင် ကျွမ်းကျင်မှု (အဆင့်-၁) နှင့် (အဆင့်-၂) အတွက်သက်ဆိုင်သည့် စစ်ဆေးအကဲဖြတ်ရေး ဌာနများတွင် စစ်ဆေးအကဲဖြတ်ရေးကိစ္စရပ်များ ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်အစိုးရတာဝန်ယူသည့် (၄)နှစ်ကျော် ကာလအတွင်း ကျွမ်းကျင်မှု (အဆင့်-၁) ဖြေဆိုသူ ၃၉၀၉ ဦးအနက် အသိအမှတ်ပြု လက်မှတ်ရရှိသူ ၃၃၄၈ ဦး၊ ကျွမ်းကျင်မှု (အဆင့်-၂) ဖြေဆိုသူ ၆၅၅ ဦးအနက် အသိ အမှတ်ပြု လက်မှတ်ရရှိသူ ၅၈၄ ဦး၊ စုစုပေါင်း ကျွမ်းကျင်လုပ်သား ၄၅၆၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၃၉၃၂ ဦး ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ပေးအပ်နိုင်ခဲ့ပြီးဖြစ်ပါသည်။

တိုင်းပြည်၏ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်သည့် အရည်အသွေး ပြည့်ဝသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန်နှင့် ကဏ္ဍအလိုက် သင့်တော်သည့် လုပ်ငန်းခွင် များတွင် တာဝန်ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် အိန္ဒိယနိုင်ငံ အစိုးရအထောက်အပံ့ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် စက်မှုသင်တန်းကျောင်းသစ် (မုံရွာ) စီမံကိန်းနှင့် မွန်ပြည်နယ် သထုံမြို့တွင် စက်မှုသင်တန်းကျောင်းသစ် (သထုံ) စီမံကိန်းတို့ကို ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ်အတွင်း သင်ကြားဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။

စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနအောက်ရှိ စက်မှုသင်တန်းကျောင်းများမှ ပုံမှန်သင်တန်းများ၊ စက်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်းများနှင့် ကာလတို(၃)လသင်တန်းများကို ဖွင့်လှစ်ခြင်းဖြင့် နိုင်ငံအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။ ၎င်းအပြင် NSSA ၏ စစ်ဆေးအကဲ ဖြတ်ရေးဌာန (Assessment Center)အဖြစ် လက်မှတ်ရရှိခြင်းအားဖြင့် သင်တန်းဆင်းများ၏ အရည်အသွေးနှင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ခြင်းများ ဆောင်ရွက်နိုင်ခြင်း၊ အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ခြင်း၊ အာဆီယံနိုင်ငံများအကြား အပြန်အလှန် အသိအမှတ်ပြု လက်မှတ်များရရှိနိုင်ခြင်း၊ စက်မှုသင်တန်းကျောင်းများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲ နိုင်ခြင်း၊ ဈေးကွက်၏ ကျွမ်းကျင်မှုလိုအပ်ချက်နှင့် ကိုက်ညီမှုအခြေအနေတို့အား သိရှိနိုင်ခြင်း၊ အရည်အသွေး ပြည့်ဝသော ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးခြင်းဖြင့် ပြည်သူများ၏ လူမှုအကျိုး စီးပွားဖြစ်ထွန်းတိုးတက် နိုင်ခြင်း စသည့်အကျိုးရလဒ်များရရှိပါမည်။

Capture.JPG 22.JPG

မူဝါဒနှင့် ပြည်ပရေးရာဌာန

International Market Analysis Tools w&o&:07&:08:

MSME ပို့ကုန်တင်ပို့သည့် လုပ်ငန်းရှင်များသည် နိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် ၊ နည်းလမ်းများကို ပိုမိုသိရှိနားလည်လာစေရန်နှင့် ပြည်ပဈေးကွက်အခြေအနေများကို လေ့လာတတ် စေရန် ရည်ရွယ်၍ International Market Analysis Tools သင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးခဲ့ပါသည်။

လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ Product/ HS Code များအကြောင်း နားလည်သိရှိလာခြင်း၊ တစ်ကမ္ဘာလုံးရှိ Export Import i Trade data များကို လက်တွေ့သင်ယူနိုင်ခြင်း၊ Tariff Measures များ၊ Non-Tariff Measures များအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိလာခြင်းနှင့် standards များအကြောင်းကို website တွင် လက်တွေ့လေ့လာ ကြည့်ရှုခြင်းဖြင့် မိမိတို့ကုန်ပစ္စည်းများအတွက် လိုအပ်သည့် standards များသိရှိလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။

Saturday SME Talk ဟောပြောဆွေးနွေးပွဲများ ပြုလုပ်ခြင်း

မြန်မာ MSMEs များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ MSMEs များ၏ အရေးပါသော အခန်းကဏ္ဍများကို နားလည်သိရှိ နိုင်စေရန်၊ MSMEs များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ကြိုတင်ပြင်ဆင်ထားသင့်သည့်အချက်များကို သိရှိနိုင်ရေး အသိပညာ ဖြန့်ဝေပေးနိုင်ရန်ရည်ရွယ်၍ ဂျာမနီနိုင်ငံ ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (GIZ) အဖွဲ့အစည်း၏ အထောက်အပံ့ဖြင့် Saturday SME Talk ဟောပြောဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ပါသည်။

ဟောပြောဆွေးနွေးပွဲမှတစ်ဆင့် MSMEs များ အဓိကကြုံတွေ့နေရသည့် ငွေကြေးဆိုင်ရာ အခက်အခဲ များ၊ ပြဿနာများ၊ ဘဏ္ဍာရေးဆိုင်ရ မူဝါဒများကို မြှင့်တင်ဆောင်ရွက်နိုင်ရေး လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းရှင်များ ကြုံတွေ့ရသည့်အခက်အခဲများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုများ၊ အာဆီယံအသိုက် အဝန်းနှင့်ပတ်သက်၍ MSME များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ကြိုတင်ပြင်ဆင် ထားသင့်သည့်အချက်များကို သိရှိနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိခဲ့ပါသည်။

Seminar On Innovation and Young Entrepreneurship for Regional Development ကျင်းပပြုလုပ်ခြင်း

မဲခေါင်ဒေသတွင်း (၆) နိုင်ငံမှ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များကို ဖိတ်ကြား၍ Innovation နှင့်ပတ်သက်သည့် အတွေ့အကြုံများမျှဝေစေခြင်းဖြင့် အသိပညာများတိုးပွားစေပြီး ပြည်ပကျွမ်းကျင်း ပညာရှင်များ၏ Design Thinking & Product Innovation ဆိုင်ရာများ၊ Business Plan ရေးဆွဲနည်းများသိရှိစေရန် ရည်ရွယ်၍ “Seminar On Innovation and Young Entrepreneurship for Regional Development” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲမှ မဲခေါင်ဒေသတွင်း (၆) နိုင်ငံမှ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ လုပ်ငန်းနှင့် ပတ်သက်သည့် အားသာချက်၊ အားနည်းချက်များကို သိရှိ၍ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်မည့် အခွင့်အလမ်း များရရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာစေခဲ့ပါသည်။

MSME Action Plan ရေးဆွဲခြင်း

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အလိုက် MSME လုပ်ငန်းများ ရင်ဆိုင်တွေ့ကြုံနေရသည့် အခက်အခဲများကိုသိရှိ၍ ထိရောက်စွာ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် MSME Action Plan ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပပြုလုပ် ခဲ့ပါသည်။ ဆက်လက်၍ ဗဟို MSME အေဂျင်စီနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် MSME အေဂျင်စီများ၏ ပူးပေါင်းပံ့ပိုးမှုအခြေအနေများ၊ ရေးဆွဲပြီးခဲ့သည့် MSME Action Plan များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တင်ပြနိုင်ရန် ရည်ရွယ်၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ၏ ပထမအကြိမ်နှစ်ပတ်လည် စုံညီညီလာခံနှင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် MSME Action Plan များမိတ်ဆက်ခြင်းအခမ်းအနားကို နေပြည်တော်ရှိ Park Royal Hotel ၌ (၁၉-၁၂-၂၀၁၉) ရက်နေ့နှင့် (၂၀-၁၂-၂၀၁၉) ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ရေးဆွဲခဲ့သည့် ဒေသဆိုင်ရာ MSME Action Plan များအား မိတ်ဆက်ခြင်း၊ ပြန်လည် သုံးသပ်ဆွေးနွေးခြင်း၊ ဗဟိုအေဂျင်စီနဲ့ ဒေသဆိုင်ရာ အေဂျင်စီများရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အောင်မြင်မှု၊ အခက်အခဲများနှင့် လိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးသုံးသပ်၍ ဆက်လက် ဆောင်ရွက် ရမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

ASEM Eco - Innovation Capacity Building Program for SMEs in Myanmar ကျင်းပပြုလုပ်ခြင်း

MSME လုပ်ငန်းများအတွက် ထုတ်ကုန်များမှ ထွက်ရှိသောအနံ့နှင့် Waste များကို ရေးဆိုးသန့်စင်မှု အသိပညာ မြှင့်တင်နိုင်ရန်နှင့် ကိုရီးယားနိုင်ငံတွင် လက်ရှိအသုံးပြုနေသော ရေဆိုးသန့်စင်မှု နည်းပညာအား မိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ ကိုရီးယားသမ္မတနိုင်ငံ ASEAN အဖွဲ့အစည်းနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ASEM Eco-Innovation Capacity Building Program for SMEs in Myanmar ကို (၁၈-၉-၂၀၁၉) ရက်နေ့တွင် ရန်ကုန်မြို့ Mecure Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ Program မှ ကိုရီးယားနိုင်ငံတွင် အသုံးပြုလျက်ရှိသည့် ဇီဝပိုးမွှားထည့်သွင်းနည်းဖြင့် ရေဆိုး သန့်စင်သည့် နည်းပညာ၊ စုပေါင်းရေဆိုးသန့်စင်သည့်စနစ်နှင့် အနံ့ဆိုးပျောက်စေသည့် နည်းပညာ၊ စက်ရုံထွက်ရေဆိုးမှာ အချိန်နှင့်တစ်ပြေးညီ အော်တိုစောင့်ကြည့် စနစ်တပ်ဆင်ခြင်း နည်းပညာများကို လေ့လာသိရှိခြင်း စသည့်အကျိုးကျေးဇူး များရရှိခဲ့ပါသည်။

MSME Logo ပြိုင်ပွဲကျင်းပပြုလုပ်ခြင်း

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်တို့ရှိ MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့်လုပ်ငန်းရှင်များနှင့် ဒေသတွင်း MSME များ ဈေးကွက်ထိုးဖောက်နိုင်ရေးနှင့် ထုတ်ကုန်များကို MSME လုပ်ငန်းကော်မတီအသိအမှတ်ပြု အမှတ်တံဆိပ်(Logo) အသုံးပြုခွင့် ရရှိနိုင်ရေး ရည်ရွယ်၍ MSME Logo ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

ပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိခဲ့သည့် MSME Logo အား MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် လုပ်ငန်းရှင်များအား ၎င်းတို့၏ ထုတ်ကုန်များတွင် အသုံးပြုခွင့်ပေးခဲ့ပါသည်။

အာဆီယံနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း

တစ်နှစ်လျှင် (၂)ကြိမ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၌ အလှည့်ကျကျင်းပပြုလုပ်လျက်ရှိသည့် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (ASEAN Coordinating Committee on Micro, Small and Medium Enterprise-ACCMSME) ၏ မြန်မာနိုင်ငံဆိုင်ရာ Focal Person အဖြစ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က တာဝန်ယူ ဆောင်ရွက် လျက်ရှိပါသည်။

(၆) ကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေးကို (၅-၁၁-၂၀၁၈) ရက်နေ့မှ (၉-၁၁-၂၀၁၈) ရက်နေ့အထိ နေပြည်တော်ရှိ Park Royal Hotel တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။ (၇) ကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေးကို ဗီယက်နမ်နိုင်ငံ၌ လည်းကောင်း၊ (၈) ကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၌ လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ၊ ASEAN Blue Print ပါစီမံကိန်းများ၊ ASEAN Strategic Action Plan for SME Development (2016-2025) 3&pgam အထည်ဖော်ဆောင်ရွက်ရမည့်စီမံကိန်းများ ကြိုတင်ညှိနှိုင်းရေးဆွဲခြင်း၊ သဘောထားမှတ်ချက် ပြုခြင်းနှင့် အတည်ပြုခြင်း တို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၀ ပြည့်နှစ်၊ မြန်မာ-ကိုရီးယား နည်းပညာဖလှယ်ခြင်း Online B2B Meeting ကျင်းပခြင်း

ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွားလျက်ရှိသော COVID-19 Pandemic ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆက်လက်လည်ပတ်နိုင်ရန်၊ Government to Government ပူးပေါင်း၍ မြန်မာနှင့်ကိုရီးယားနှစ်နိုင်ငံ၏ အသေးစား၊ အလတ်စားနှင့် အစပျိုးစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် ကိုးရီးယားသမ္မတနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန (Korea SMEs and Startups Agency) တို့ ပူးပေါင်း၍ "Technology Exchange Program” sago Myanmar-Korea Technology Exchange Online B2B Meeting (၂၇-၇-၂၀၂၀) ရက်နေ့မှ (၂၉-၇-၂၀၂၀) ရက်နေ့အထိလည်းကောင်း၊ (၂၁-၉-၂၀၂၀) ရက်နေ့မှ (၂၃-၉-၂၀၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ online B2B Meeting ၏ ပထမအကြိမ်အစည်းအဝေးတွင် စိတ်ပါဝင်စားသည့် မြန်မာကုမ္ပဏီ (၄၉) ခုနှင့် ကိုရီးယားကုမ္ပဏီ(၁၁)ခု၊ ဒုတိယအကြိမ်အစည်းအဝေးတွင် မြန်မာကုမ္ပဏီ (၅၃)ခုနှင့် ကိုရီးယားကုမ္ပဏီ (၁၀) ခုပါဝင်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် ကိုရီးယားကုမ္ပဏီများမှ ၎င်းတို့၏လုပ်ငန်းဆောင်ရွက်မှုများ၊ မြန်မာကုမ္ပဏီများမှ လုပ်ငန်းဆောင်ရွက်ချက်များ၊ နည်းပညာ လိုအပ်ချက်များ၊ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြပါသည်။

 InkedPages from KM 29.10.2020 New_LI.jpg