မန္တလေး အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီး ဒေါက်တာယုယုမေတို့သည် ယနေ့ နံနက်ပိုင်းက အမရပူရမြို့နယ် အိုးတော်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကြိုတင်ဆန္ဒမဲပေးကြခဲ့သည်။
အမရပူရမြို့နယ်အတွင်း မဲဆန္ဒရှင်ဦးရေ ၁၈၁,၀၀၀ ကျော်အတွက် မဲရုံ ၁၃၇ ရုံ ဖွင့်လှစ်ထားရှိပြီး အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင် ၂၆,၀၀၀ ကျော်ရှိကြောင်း မန္တလေးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ကြိုတင်ဆန္ဒမဲပေးရန် အကျုံးဝင်သည့် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံများတွင် တာဝန် ထမ်းဆောင်ရမည့်သူများ၊ ရွေးကောက်ပွဲနေ့တွင် ဌာနဆိုင်ရာမှ တာဝန်ကျမည့်သူများကို ဆန္ဒမဲ ပေးနိုင်မည့် အခွင့်အရေး မဆုံးရှုံးစေရန်အတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်မှ စတင်၍ သတ်မှတ်နေရာများအလိုက် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် နေအိမ်များတွင် ကြိုတင်ဆန္ဒမဲပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသ ကြီးတွင် မဲရုံပေါင်း ၅,၄၄၇ ရုံ ရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၄၇ သိန်းကျော် ရှိသည်။
ထိပ်ထားနိုင်