Skip to main content

နှစ်သစ်ကူးအထိမ်းအမှတ် တက္ကသိုလ်ကင်းထောက်လူငယ်များ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ ဦးဆောင်မှုဖြင့် နှစ်သစ်ကူးအထိမ်းအမှတ် ကင်းထောက်လူငယ်များစုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်အထွေထွေရောဂါ ကုဆေးရုံကြီး အမျိုးသားသွေးဌာန၌ပြုလုပ်ရာ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်၊ ကင်းထောက်သင်တန်းမှူးချုပ် ဦးမြင့်ဆွေနှင့် ကင်းထောက်ကြီးများ၊ တက္ကသိုလ်ကင်းထောက်လူငယ်များ တက်ရောက် ကြသည်။

ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီး အမျိုးသားသွေးဌာနတွင် လိုအပ်လျက်ရှိသော သွေးများအတွက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်တို့မှ တက္ကသိုလ်ကင်းထောက် မောင်မယ်များက သွေးများလှူဒါန်းခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်