လူမှုရေး

အပျိုစင်ဒေသထွက်ကုန်နှင့် ပြည်ပဈေးကွက်အလားအလာအပိုင်း(၁)

 

ယုဇနစံ(DOT)

 

ကမ္ဘာပေါ်တွင်   ဆန်ကိုအဓိကထား၍    စားသုံးသော နိုင်ငံများနှင့်   ဂျုံကိုဦးစားပေး၍   စားသုံးသော နိုင်ငံများဟူ၍  အသီးသီးကွဲပြားမှုများ  ရှိနေသော် လည်း     ကော်ဖီသောက်သုံးခြင်းကိုမူ  နိုင်ငံ၊  လူမျိုး၊ အသက်အရွယ်၊ အချိန်နေရာမရွေး   ကွဲပြားမှုမရှိ စွဲလမ်းစွာ သောက်သုံးကြသည်။

 

မြန်မာ့အနာဂတ်ပုံရိပ် ဘာလဲ၊ ဘယ်လဲ

 

ပြည်ထောင်စုသား
တစ်ဦး

 

မြန်မာကို ကမ္ဘာကသိသည်မှာ ဗုဒ္ဓဝါဒသာလျှင်ဖြစ်ပါတယ်။ ရှေးခါ ဘိုးဘွား ဆရာသမားများကလည်း မြန်မာလူမျိုးတို့ရဲ့တိုးတက်မှုဟူသမျှသည် ဗုဒ္ဓဝါဒ၌သာအခြေခံ၍ ဗုဒ္ဓသာသနာတော်ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏ကျရှုံးခြင်းပင်ဖြစ်တယ်လို့ ခံယူခဲ့ကြပါတယ်။
မြန်မာပြည် အင်္ဂလိပ်လက်အောက် ကျွန်သပေါက်ဘဝ     ကျရောက်ခဲ့စဉ် ကာလမှာတောင် မြန်မာတွေဟာ အမျိုး ဘာသာသာသနာ  မပျောက်ကွယ်အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့ကြ တယ်။ ၁၉၀၆ ခုနှစ် မေလ ၁၀ ရက်နေ့မှာ ဝိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏ ယုဝ အသင်းကြီးကို ဖွဲ့စည်းတည်ထောင် ပြီး ကျားကန်ခဲ့တယ်။

 

အမျိုးသားနေ့နှင့် သမိုင်းသင်ခန်းစာ

 

ဒေါက်တာခင်မောင်ညွန့်

 

ရွှေတိဂုံကုန်းတော်သို့ ဘုရားဖူးရောက်လျှင် စနေ ထောင့်     ညောင်ပင်ကြီးရှေ့၌    ပုံဆန်းဆန်း ကျောက်တိုင်သစ်      တစ်ခုကို   တွေ့ရမည်။ ကျောက်တိုင်ပေါ်ရှိ   မြန်မာစာတန်းကို  ဖတ်လျှင် အောက်ပါအတိုင်း တွေ့ရမည်။

 


ဤနေရာကား မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့က ရန်ကုန် ကောလိပ် ကျောင်းသားကြီး ၁၁ ဦးတို့ တွေ့ဆုံ၍ ရန်ကုန်ယူနီဗာစီတီ  အက်ဥပဒေကို  သပိတ်မှောက် ရန်    သစ္စာအဓိဋ္ဌာန်ပြုသော    နေရာပေတည်း။ ကျောင်းသားကြီး     ၁၁  ဦး၏       အမည်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

 

တူကာနွှဲပျော် တန်ဆောင်တိုင်ပွဲတော်

တန်ဆောင်မုန်းလသည်  မိုးအကုန်  ဆောင်းအကူး     ကြားကာလ ဖြစ်သည်။ ရာသီဥတုသည်   ပုံမှန်အားဖြင့်   သာသာယာယာရှိသည်။ ကောင်းကင်၌  မိုးတိမ်ကင်းစင်သဖြင့်  ကျေးလက်တောရွာများတွင် ညအချိန်၌ ကြည်လင်တောက်ပသောလရောင်ကို အပြည့်အဝခံစားခွင့် ရရှိသလို အနည်းငယ်လည်း  အေးစိမ့်လာပြီဖြစ်သည်။  နံနက်စောစော လမ်းလျှောက်သည့်အခါ  စိမ်းစိုသောမြက်ခင်းပြင်ပေါ်တွင်    ဖြူဖြူ ဖွေးဖွေး ဆီးနှင်းစက်လေးများကို မြင်တွေ့ရသည်မှာ ကြည်နူးဖွယ် ရာပင်ဖြစ်သည်။     လမ်းလျှောက်ရင်း     သန့်ရှင်းလတ်ဆတ်သော ဆောင်းလေအေးအေးကို   ရှူရှိုက်ရသည့်အခါ    ပိုမိုလန်းဆန်း တက်ကြွလာစေပါသည်။ 

ဝါးကို အပူပေး ဆေးစိမ်ခြင်းဖြင့်  နှစ်ရာချီအသုံးပြုနိုင်

 

လူတို့သည် ဝါးကို ရှေးယခင်ကတည်းက အမျိုးမျိုးအဖုံဖုံအသုံးပြုကြသည်။ သို့သော် ဝါးသည် ပိုးထိုးလွယ်ခြင်း၊ မှိုတက်ခြင်း၊ ဆွေးမြည့်လွယ်ခြင်းတို့ကြောင့် ပရိဘောဂနှင့် အိမ်ဆောက်ရာတွင် ကြာရှည်မခံ၍အသုံးပြုမှုနည်းကြသည်။ ယနေ့ခေတ်တွင် ပရိဘောဂနှင့်  လူနေအိမ်အဆောက်အအုံများတွင်  ဝါးကို တွင်တွင်ကျယ်ကျယ်  အသုံးပြု လာကြသည်ကို  တွေ့ရသည်။

ခရီးသွားလုပ်ငန်း  ပြန်လည်စတင်သည်  ဆိုရာဝယ် . . . 


 

စည်သူကျော်

 

 “အာရောဂျံ၊ ပရမံ၊ လာဘံ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးပင်ဖြစ်သည်။ ကျန်းမာသုခဆုံးရှုံးခြင်းသည် အရာအားလုံးဆုံးရှုံးခြင်း ပင်ဖြစ်သည်။ ထို့ကြောင့် လာဘ်ကြီးတစ်ပါးဖြစ်သော ကျန်းမာခြင်း သုခကို ဂရုဓမ္မကြီးစွာ ထိန်းသိမ်းစောင့်ရှောက်အပ်လှသည်။ 

Subscribe to လူမှုရေး