ငြိမ်းချမ်းသာယာဝပြောရေး ရေကဏ္ဍကိုမြှင့်တင်ပေး
ယနေ့(မတ်လ ၂၂ ရက်) သည် ရေသယံဇာတထိန်းသိမ်းရေး၊ ရေအခက်အခဲမကျရောက်စေရေး၊ ရေကိုစနစ်တကျ သုံးစွဲကြ စေရေး၊ သန့်ရှင်းသည့်သောက်သုံးရေနှင့် မိလ္လာစနစ်တို့ မရရှိသူ များအတွက် အလေးထားဖြေရှင်းပေးရေးနှင့် ရေ၏အရေးပါမှုကို လူသားတို့ ဂရုပြုလာကြစေရေးဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသည့် “ကမ္ဘာ့ရေနေ့ (World Water Day)” ဖြစ်သည်။ ၁၉၉၃ ခုနှစ်မှစတင်၍ ကျင်းပလာခဲ့သည့် ကမ္ဘာ့ရေနေ့၏ ယခုနှစ်အတွက် ချမှတ်ထားသောဆောင်ပုဒ်မှာ “ငြိမ်းချမ်း သာယာဝပြောရေး ရေကဏ္ဍကိုမြှင့်တင်ပေး (Leveraging Water for Peace)”ဟူ၍ ဖြစ်သည်။