ရသ၊ သုတစာပေ ရှာဖွေဖတ်ရှု အကျိုးပြု
စာတတ်ပါလျက်နှင့် စာမဖတ်သူတို့ များပြားနေခြင်းသည် ကာယ ကံရှင်တို့အဖို့ရော နိုင်ငံအတွက်ပါ ဆုံးရှုံးမှုတို့ရှိသည်။ စာတတ် ပါလျက် စာမဖတ်ခြင်းက ကျောင်းနေ၍ စာပေသင်ကြားခဲ့ရခြင်း၏ အနက်အဓိပ္ပာယ်ကိုလည်း သေးသိမ်ကျဉ်းမြောင်းသွားစေသည်။ သေစာရှင်စာမျှသာ ဖတ်တတ်သူအဖြစ်သို့ ရောက်ရှိသွားစေသည်။