မြန်မာ့အလင်းအယ်ဒီတာအာဘော်
နိုင်ငံ့စီးပွားမြှင့်တင်ပေးရန် အရင်းမပျောက်မတည်ရန်ပုံငွေ
နိုင်ငံတော်အတွက် လျင်မြန်စွာအကျိုးရလဒ် Quick Win ရရှိနိုင်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သော မတည်ရင်းနှီးငွေများ ရရှိနိုင်စေရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ လက်ကျန် ငွေမှ ကျပ် ၄၀၀ ဘီလီယံကို “နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ” အမည်ဖြင့် သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား အတိုးနှုန်းသက်သာ သော ချေးငွေများ ထုတ်ချေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ယမန်နှစ် ဇူလိုင်လ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကလေးများ၏အနာဂတ်နှင့် နွေကျောင်းပိတ်ရက်သင်တန်းများ
စာသင်နှစ်တစ်နှစ် ပြီးဆုံးသွားပြီးနောက် ယခုကာလသည် နွေရာသီ ကျောင်းပိတ်ရက်ရှည်ကာလဖြစ်ပြီး ကျောင်းသူ ကျောင်းသားများအဖို့လည်း ရက်သတ္တပတ်အနည်းငယ်မျှ အနားယူပြီးခဲ့ကြပြီဖြစ်သည်။ အတန်းတင်စာမေးပွဲကြီး ပြီးဆုံးစ တွင် ကျောင်းသူ ကျောင်းသားများအနေဖြင့် တစ်နှစ်တာလုံး အားထုတ်ကြိုးပမ်းခဲ့သမျှအတွက် လုံလောက်စွာ အနားယူရန် လိုအပ်သော်လည်း နွေကျောင်းပိတ်ရက်တစ်ခုလုံးအနေဖြင့်မူ မိမိတို့အတွက် အကျိုးရှိစွာ အသုံးချနိုင်ကြရန်လည်း လိုအပ်မည် ဖြစ်သည်။
စီးပွားရေးမောင်းနှင်အားမြှင့်တင် ကုန်ထုတ်လုပ်မှုမြင့်မားရေးကြိုးပမ်း
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အားသွန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မိမိတို့ နိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ စတင်ဝင်ရောက်လာချိန်မှစ၍ နိုင်ငံ၏စီးပွားရေး တဖြည်းဖြည်းကျဆင်းခဲ့ရာ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (Gross Domestic Product-GDP)မှာ အနုတ်လက္ခဏာပြ သည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။ ပြည်တွင်းကုန် ထုတ်လုပ်မှုကဏ္ဍကို အားမပေးဘဲ ကုန်သွယ်ရောင်းဝယ်မှု ကဏ္ဍကိုသာ ပိုမိုလုပ်ကိုင်ခဲ့ကြခြင်းကြောင့် ကုန်သွယ်ရေး လိုငွေပြမှု အများအပြားဖြစ်ပေါ်ခဲ့သလို ဂျီဒီပီအနေဖြင့်လည်း ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရသည်။
ဖွံ့ဖြိုးတိုးတက်မှုအတွက် မြစ်တစ်စင်း၏ မိသားစု
မဲခေါင်မြစ်သည် မိုင်ပေါင်း ၂၇၀၀ ကျော် ရှည်လျားပြီး အာရှတွင် တတိယမြောက်၊ ကမ္ဘာတွင် ၁၂ ခုမြောက် အရှည်ဆုံးမြစ်ဖြစ်သည်။ မဲခေါင်မြစ်၏ မြစ်ဖျားခံရာဒေသသည် တရုတ်နိုင်ငံရှိ တိဗက် ကုန်းမြင့်ဒေသဖြစ်ပြီး တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘော ဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းသည်။ မဲခေါင်မြစ်၏ မြစ်ညာပိုင်းထက်ဝက်သည် တရုတ်နိုင်ငံအတွင်း တည်ရှိပြီး “လန်ချန်း”ဟု ခေါ်ဆိုကာ မြစ်အောက်ပိုင်း ထက်ဝက် ဖြတ်သန်းစီးဆင်းနေသော မြန်မာအပါအဝင်နိုင်ငံများက “မဲခေါင်”ဟု ခေါ်ဆိုကြခြင်းဖြစ်သည့်အတွက် လန်ချန်းသည် မဲခေါင်၊ မဲခေါင်သည် လန်ချန်းပင်ဖြစ်သည်။
ရေနှင့် ကျန်းမာသန့်ရှင်းမှု တိုးတက်ကောင်းမွန်စေရေး
ကမ္ဘာ့ရေနေ့ (World Water Day) ကို ၁၉၉၃ ခုနှစ်မှ စတင်ကာ နှစ်စဉ် မတ်လ ၂၂ ရက်နေ့တိုင်းတွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ကျင်းပခဲ့ကြသည်။ ရေသယံဇာတထိန်းသိမ်းရေး၊ ရေအခက် အခဲ မကျရောက်စေရေး၊ ရေကို စနစ်တကျသုံးစွဲကြစေရေး၊ သန့်ရှင်းသည့် သောက်သုံးရေနှင့် မိလ္လာစနစ်တို့ မရရှိသူများ အတွက် အလေးထားဖြေရှင်းပေးရေးနှင့် ရေ၏ အရေးပါမှုကို လူသားတို့ ဂရုပြုလာကြစေရေးဟူသည့် ရည်ရွယ်ချက်များ ဖြင့် ကျင်းပသည့် ကမ္ဘာ့ရေနေ့သည် မြန်မာနိုင်ငံအဖို့ လည်း ပူပြင်းခြောက်သွေ့သည့် ရာသီတွင် ကျရောက်နေပြီး မြစ်ချောင်းအင်းအိုင် ရေတွင်းရေကန်များတွင် ရေနည်းပါး သည့်ကာလ၊ ရေခန်းခြောက်သည့်ကာလဖြစ်သည်။
အနာဂတ်အတွက် ရတနာများ
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ဖြေဆိုပြီးစီးခဲ့ကြပြီဖြစ်သည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသူ ကျောင်းသား ၁၆၀၀၀၀ ကျော်ရှိခဲ့ရာ စာမေးပွဲအောင်ချက်ရာခိုင်နှုန်းအရ ယင်းတို့ အနက်မှ ထက်ဝက်နီးပါးခန့် သို့မဟုတ် သုံးပုံတစ်ပုံနီးပါးခန့် တို့သည် တက္ကသိုလ်အသီးသီးတို့တွင် အဆင့်မြင့်ပညာများ ဆက်လက်သင်ယူနိုင်ကြမည်ဖြစ်သည်။
ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြရန် အခြေခံကောင်းများရှိသည့် မြို့တော်
နေပြည်တော်သည် နိုင်ငံတော်၏မြို့တော်ဖြစ်ပြီး နိုင်ငံ၏ အချက်အချာကျသော ဒေသတွင်တည်ရှိသည်။ တစ်ချိန်က နိုင်ငံ၏မြို့တော်ဖြစ်ခဲ့ပြီး ယခု စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ အဓိကမြို့ကြီးဖြစ် သည့် မန္တလေးမြို့တို့၏ကြားတွင် တည်ရှိနေသည့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ရေခံမြေခံကောင်းများ ရှိရာ ဒေသလည်းဖြစ်သည်။