မြန်မာ့အလင်းအယ်ဒီတာအာဘော်
ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်ခြင်းဖြင့် မကူးစက်နိုင်သောရောဂါများကို ကာကွယ်ပါ
မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးရခြင်းသည် ကူးစက်ရောဂါများထက် ပိုမိုများပြားလျက်ရှိကြောင်း ကျန်းမာရေးပညာရှင်များက ထုတ်ဖော်ပြောကြားထားသည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က သေဆုံးသူ ၁၀၀ လျှင် ၄၅ ဦးခန့်သည် မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်ပြီး ၂၀၁၇ ခုနှစ်သို့ ရောက်သောအခါ ၅၉ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် သို့ ရောက်သောအခါ ၇၅ ရာခိုင်နှုန်းခန့်အထိ ရောက်ရှိလာ သည်ဟုလည်း ဆိုသည်။
ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံး တည်ငြိမ် အေးချမ်းမှု ရရှိခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်ခဲ့သည်။ အစိုးရ၊ တပ်မတော်နှင့် ဒေသဦးစီးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဒေသဖွံ့ဖြိုးတိုးတက်လာခဲ့ရာ ၁၉၉၁ ခုနှစ် မတိုင်မီက ပအိုဝ်းဒေသ၏ အခြေအနေနှင့် နှိုင်းယှဉ်ပါက များစွာကွာခြားသွားခဲ့ပြီဖြစ်သည်။
ပြည်တွင်းစီးပွား တိုးတက်မြင့်မားရေး ပြည်တွင်းဖြစ် ထုတ်ကုန်များကိုအားပေး
မြန်မာ့စီးပွားရေး၏ အဓိကမောင်းနှင်အားမှာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များပင်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စက်မှုဇုန် ပေါင်း ၆၀ ခန့်ရှိသည့်အနက် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်တွင် စက်မှုဇုန် ၂၉ ဇုန်ရှိသည်။ မြန်မာနိုင်ငံတွင် စက်မှု ဇုန်များ တည်ထောင်လုပ်ကိုင်လာခဲ့သည်မှာ နှစ်ပေါင်း ၃၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အားကောင်းမောင်းသန် ဖြစ်လာစေရန်အတွက်မူ များစွာကြိုးပမ်းရဦးမည့်အခြေအနေ ဖြစ်သည်။
အဆင့်မြင့်ပညာရေး ရှေ့ခရီးဆီ
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မတ်လ ၈ ရက်တွင် စတင်ပြီဖြစ်ရာ နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ စာစစ်ဌာနများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေကြပြီဖြစ်သည်။ ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းဖြေနှင့် ပြင်ပဖြေစာရင်းရှိဦးရေ တစ်သိန်းရှစ်သောင်းခန့်ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ တစ်သိန်းခြောက်သောင်းကျော်ရှိရာ ဖြေဆိုမှု ရာခိုင်နှုန်း ၉၀ ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
နည်းပညာအခြေခံသည့် ရေပေးဝေမှုစနစ်ဖြင့် စိုက်ပျိုးရေကို အကျိုးရှိစွာသုံးစွဲ
နိုင်ငံတော်တွင် အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ပေါများရေး တို့ကို အကောင်အထည်ဖော်လျက်ရှိရာ သီးနှံစိုက်ဧက ၃၃ သန်းတွင် သီးထပ်၊ သီးညှပ်များ စိုက်ပျိုးခြင်းဖြင့် ပိုမိုထုတ်လုပ် နိုင်ရန် အားပေးဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေးတွင် ရေသည် မရှိမဖြစ်အရေးပါသော သွင်းအားစုတစ်ခုဖြစ်သည့် အလျောက် အလဟဿမဖြစ်အောင် အကျိုးရှိရှိ ထိထိ ရောက်ရောက် သုံးစွဲနိုင်ရန် လိုအပ်လျက်ရှိသည်။
ဆောင်းမှနွေပြောင်း လတပေါင်းနှင့် မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့
တပေါင်းလသည် မြန်မာလများတွင် ၁၂ လမြောက် တစ်နှစ် တာ၏ နောက်ဆုံးလဖြစ်ပြီး ဆောင်းမှ နွေအကူး၊ ဆောင်း တစ်ဝက် နွေတစ်ဝက် လဖြစ်သည်။ တပေါင်းလပြည့်နေ့တွင် ဆောင်းရာသီကုန်ဆုံးပြီဖြစ်ပြီး တပေါင်းလပြည့်ကျော် ၁ ရက်နေ့မှစကာ နွေသို့ကူး၍ နွေဦးပေါက်ပြီဖြစ်သည်။
ငွေကြေး၊ အချိန်နှင့် ဘဝတို့ ကြီးစွာသော ဆုံးရှုံးမှုမကြုံရအောင်
ပစ္စက္ခမြန်မာ့ပညာရေးကို သရုပ်ခွဲကြည့်လျှင် အလင်းခြမ်းနှင့် အမှောင်ခြမ်းဟူ၍ နှစ်ပိုင်းတွေ့နိုင်သည်။ အလင်းခြမ်းတွင် အခြေခံပညာကျောင်းများ မူလတန်းနှင့် အလယ်တန်းတို့ နှစ်ဆုံးစာမေးပွဲများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးကြပြီ ဖြစ်သည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နိုင်ငံတစ်ဝန်းမှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူ များမှာလည်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ ကို ထုတ်ယူနေကြပြီဖြစ်သည်။