ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက် မိခင်များ အာဟာရဖွံ့ဖြိုးရေး
အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အစီအစဉ်အရ ဩဂုတ်လ တတိယပတ်သည် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ဖြစ်သည်။ အာဟာရဓာတ် ဟူသည် သက်ရှိသတ္တဝါတိုင်း အသက်ရှင်သန် ကျန်းမာရေး အတွက် လိုအပ်သော ဩဇာဓာတ်ပင်ဖြစ်သည်။ ခန္ဓာကိုယ်ဖွံ့ဖြိုး ရေး၊ လှုပ်ရှားသွားလာနိုင်ရေး၊ မျိုးဆက်ပွားရေး၊ ခွန်အားနှင့် ရောဂါဘယ ကာကွယ်ရေးအတွက် လိုအပ်သည့်အာဟာရကို အစားအစာများ စားသုံးရာမှ ရရှိခြင်းဖြစ်သည်။