အကျိုးရလဒ် အမြန်ဆုံးဖြစ်ထွန်းစေမည့် စိုက်/မွေး ကုန်ချောထုတ်လုပ်တင်ပို့ရေး
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်း မှုသည် ၁၉၃၀ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်ပွားခဲ့ပြီးနောက် အကြီးမားဆုံး အပြင်းထန်ဆုံးဖြစ်သည်ဟု ဆိုကြသည်။ ကမ္ဘာ့ နိုင်ငံအသီးသီးတို့၏ အစိုးရများ ဘဏ္ဍာရေးအကျပ်ဆိုက်ခဲ့ကြပြီး ငွေကြေးဈေးကွက် ချည့်နဲ့သွားခဲ့သလို ကုန်သွယ်ရေးကဏ္ဍ လေးလံနှေးကွေးသွားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများ တုံ့ဆိုင်းသွား ခဲ့ပြီး ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများမှ လူသန်းပေါင်း များစွာ အလုပ်အကိုင်များကို စွန့်လွှတ်ခဲ့ကြရသည်။