မြန်မာ့အလင်းအယ်ဒီတာအာဘော်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားဖြောင့်မတ်မှုနှင့် ပွင့်လင်းမှုဂုဏ်ရည်
ဖြောင့်မတ်ခြင်းဟူသည် ကွေ့ကောက်၊ လိမ်လည်၊ လှည့်ဖြား ခြင်းတို့ မရှိ၊ ပကတိရိုးသားမှန်ကန်ခြင်းပင်ဖြစ်သည်။ ဖြောင့်မတ် ခြင်းသည် လူတိုင်းတွင်ရှိသင့်သည့် ဂုဏ်ရည်တစ်ခုဖြစ်သည့် အားလျော်စွာ လူတို့အား ဖြောင့်မတ်ရန်၊ လွန်စွာဖြောင့်မတ်ရန် ဗုဒ္ဓမြတ်စွာဘုရားက သွန်သင်ဆုံးမတော်မူခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရယူရာတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ရိုးသားဖြောင့်မတ်ပွင့်လင်းသော ဦးဆောင်မှုကို ယုံကြည်၍ တိုင်းရင်းသားခေါင်းဆောင်များ တညီတညွတ်တည်း လိုက်ပါခဲ့ ကြခြင်းဖြစ်သည်။
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာ
ကမ္ဘာပေါ်တွင် နှစ်စဉ်ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ပေါင်း ၁ ဒသမ ၂ သန်းခန့်ရှိရာ နေ့စဉ် လူ ၃၀၀၀ ကျော်တို့ ယာဉ်အန္တရာယ်ဖြင့် သေဆုံးနေကြရခြင်း ဖြစ်သည်။ ယာဉ်မတော် တဆမှု ဖြစ်စဉ်များသည် လူ၏အားနည်းချို့ယွင်းမှု၊ ယာဉ်၏ အားနည်းချွတ်ယွင်းမှု၊ လမ်း၏ အားနည်းချွတ်ယွင်းမှု၊ ရာသီဥတု ပြင်းထန်ဆိုးရွားမှု စသည့်အကြောင်းရင်းခံတစ်ခုခုကြောင့်ဖြစ် ပြီး အဓိကအားဖြင့် လူကြောင့် အများဆုံး ဖြစ်ပွားရခြင်းဖြစ်သည်။
လူဦးရေသန်း ၈၀၀၀ ရှိသော ကမ္ဘာမြေ ခံနိုင်ရည်ရှိသော အနာဂတ်ဖြစ်တည်ဖို့
လူဖြစ်လာသည့်အခါ လူ့ကိစ္စတို့က များလှစွာသည်။ ဃရာဝါသ ကိစ္စမြားမြောင် လူတို့ဘောင်ဟု မြန်မာတွင် ဆိုရိုးရှိသည်။ ကမ္ဘာ နှင့်ချီ၍ တိုးလာသည့် လူဦးရေနှင့်အတူ ပေါ်ထွက်လာသည့် လူရေးလူရာ ပြဿနာများကို လူအများဂရုစိုက်အာရုံပြုလာစေရန် အတွက် ကုလသမဂ္ဂက နှစ်စဉ်ဇူလိုင်လ ၁၁ ရက်နေ့ကို “ကမ္ဘာ့ လူဦးရေနေ့”အဖြစ် သတ်မှတ်ကာ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် အခမ်းအနားများ ကျင်းပလျက်ရှိသည်။
ကျန်းမာရေးအသိ၊ သတိဖြင့် ကူးစက်ရောဂါအန္တရာယ် ကာကွယ်နေထိုင်
ကိုဗစ်-၁၉ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ပုံမှန်ဆက်လက် ဆောင်ရွက်လျက်ရှိရာတွင် ရောဂါပိုး နေ့စဉ်တွေ့ရှိမှုရာခိုင်နှုန်းမှာ ၁ ရာခိုင်နှုန်း၏အောက်တွင် ရောက်ရှိနေသည်မှာ လနှင့်ချီနေ ပြီဖြစ်သည်။ သို့ရာတွင် ၁ ရာခိုင်နှုန်း၏အောက်တွင် အနည်းငယ်မျှ တက်လိုက် ကျလိုက်နှင့် ဖြစ်နေခြင်းကို တွေ့နေရသည့်အတွက် ကူးစက်မှုရှိနေသေးသည်ကို တွေ့မြင်နေရခြင်းဖြစ်သည်။
မွန်မြတ်သည့်ကာလဒါန ဝါဆိုသင်္ကန်းအလှူ
ဝါဆိုလသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အမွန်အမြတ်လတစ်လ ဖြစ်သည်။ ဂေါတမမြတ်စွာဘုရား ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ တရားဦးဓမ္မစကြာ ဟောကြားတော်မူ ခြင်း၊ တန်ခိုးပြာဋိဟာ ပြတော်မူခြင်း စသည့်ဗုဒ္ဓဘာသာသမိုင်း၏ ထူးခြားသည့်မှတ်တိုင်ကြီးများမှာ ဝါဆိုလပြည့်နေ့များတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
စည်းလုံးညီညွတ်သည့် နိုင်ငံတော်ကြီး
ဒုတိယကမ္ဘာစစ်ပြီးကာလ ကိုလိုနီအင်ပါယာကြီးများ တစ်ခုပြီး တစ်ခု လဲပြိုသွားကြခြင်းနှင့်အတူ တစ်ချိန်က နယ်ချဲ့တို့၏ လက်အောက်ခံနိုင်ငံများတွင် အမျိုးသားရေးစိတ်ဓာတ်များ မြင့်မားစွာလွှင့်ထူ၍ လွတ်လပ်သောနိုင်ငံများအဖြစ် ထူထောင် နိုင်ရန် ရုန်းကန်အုံကြွလာခဲ့ကြသည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသား ဖြောင့်မတ်ပွင့်လင်းစွာ စည်းရုံးဆော်ဩမှုဖြင့် တောင်ပေါ်မြေပြန့် တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်မှု အမြင့်မားဆုံးတွင် ရှိခဲ့ကာ လွတ်လပ်ရေးကိုရယူရန် အသင့်ရှိနေခဲ့ကြသည်။