အားကစားဖြင့် နိုင်ငံ့ဂုဏ်မြှင့်တင်
နိုင်ငံအလိုက် ယှဉ်ပြိုင်ကြရသည့် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခြင်းသည် နိုင်ငံအတွက် ဂုဏ်သိက္ခာမြင့်မား ခြင်းပင်ဖြစ်သည်။ အောင်မြင်မှုမြင့်မားလျှင် မြင့်မားသလောက် နိုင်ငံ၏ဂုဏ်သိက္ခာလည်း မြင့်မားခြင်းပင်ဖြစ်ရာ ပြိုင်ပွဲဝင် နိုင်ငံတိုင်းက မိမိတို့၏ အားကစားအဖွဲ့များ ပြိုင်ပွဲတိုင်းတွင် အောင်နိုင်ရေးအတွက် အားပေးမြှင့်တင်မှုများ ပြုလုပ်ကြ သည်။ ပွဲမဝင်ခင် အပြင်ကကျင်းပ ဆိုသည့်အတိုင်း ကြိုတင် ပြင်ဆင်လေ့ကျင့်မှုများဖြင့် အမြင့်ဆုံးအောင်မြင်မှုများ ရရှိအောင် အောင်နိုင်ရေးစိတ်ဓာတ်အပြည့်ဖြင့် ကြိုးပမ်း စွမ်းဆောင်ကြသည်။