အားကစားနှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး နိုင်ငံ့လက်ရွေးစင်များ ပိုမိုမွေးထုတ်
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးရရှိ ခဲ့သော မြန်မာအားကစားသမားများအား အထူးကိစ္စရပ်အနေဖြင့် လူစီးမော်တော်ယာဉ် ဝယ်ယူခွင့်ပြုကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာခဲ့ရာ (၃၁) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အမြင့်မားဆုံး စွမ်းဆောင်မှုဖြင့် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသူ အားကစားမောင်မယ် တို့အတွက် နိုင်ငံတော်၏ နောက်ထပ်အားပေးဂုဏ်ပြုချီးမြှင့်မှုပင် ဖြစ်သည်။