ငါး ပုစွန် သယံဇာတ ထာဝရတည်တံ့စေရန်
ရေချို ရေငန် ငါး ပုစွန်များ မျိုးမတုံးစေရေးအတွက် ၎င်းတို့၏ မိတ်လိုက်ချိန်နှင့် မျိုးပွားရာသီချိန်ကာလများတွင် ဖမ်းဆီးခြင်း၊ ဝယ်ယူစုဆောင်းခြင်း မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက တားမြစ်ထားသည်။ မြန်မာနိုင်ငံတွင် ကုန်းတွင်းပိုင်း မြစ်ချောင်း အင်းအိုင်များ၌ ရေချိုငါးလုပ်ငန်းများနှင့် ပင်လယ်ပြင်ကမ်းနီး ကမ်းဝေး ရေငန်ငါးလုပ်ငန်းများရှိရာ ငါး ပုစွန်များ ရေရှည် ထုတ်လုပ်စားသုံးနိုင်ရေးအတွက် အလွန်အကျွံဖမ်းဆီးမှုများ မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်။