မြန်မာ့အလင်းအယ်ဒီတာအာဘော်

တည်ငြိမ်အေးချမ်းရေး ဆက်လက်ဖော်ဆောင်

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေမှာ နေ့စဉ်ဓာတ်ခွဲစမ်းသပ်မှုများမှ          ပိုးတွေ့လူနာသစ်တွေ့ရှိမှု (၁) ရာခိုင်နှုန်းအောက်သို့   ရောက်ရှိလာနေသည်ကို  တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်နိုင်ပြီ ဖြစ်သည့်အလျောက် လာမည့်သင်္ကြန်ပွဲတော်ကို တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် ကျင်းပရန် ခွင့်ပြုထားပြီးဖြစ်သကဲ့သို့ သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်(ဧပြီ ၁၇ ရက်)မှစ၍ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသနိုင်ရန်၊ ပြည်တွင်း ပြည်ပခရီးသွားလာမှုများ ကို ခွင့်ပြုသွားရန်တို့အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

ပြည်ပပို့ကုန်အလားအလာကောင်းသည့် ဝဥစိုက်ပျိုးထုတ်လုပ်‌ရေး

 

တောင်သူများ  ဝင်ငွေတိုးရေးအတွက်  ဝဥစိုက်ပျိုးရန်  နှိုးဆော် တိုက်တွန်းလျက်ရှိသည်။ ဆန်အစားထိုး စားသုံးနိုင်သည့် သီးနှံ ဖြစ်သော ဝဥကို မြန်မာနိုင်ငံတွင် စားသုံးမှုနည်းပါးလျက်ရှိသေးသော်လည်း ဝဥသည် စားသောက်ကုန်၊   အလှကုန်နှင့်   ဆေးဝါး ကုန်ကြမ်း၊ စက်မှုကုန်ကြမ်းအဖြစ် အသုံးဝင်သောကြောင့် ပြည်ပ ဝယ်လိုအားရှိသော စိုက်ပျိုးရေးထွက်ကုန်ဖြစ်သည်။

 

အဆင့်မြင့် မျိုးဆက်သစ်များဖြစ်အောင်

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာစစ်ဌာနပေါင်း ၁၂၀၀ ကျော်နှင့် နိုင်ငံခြားစာစစ်ဌာန ၂၀ တို့တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း သုံးသိန်းခန့်တို့ ဖြေဆိုလျက်ရှိ သည်။  ကျောင်းသား  ကျောင်းသူတို့၏  ဘဝရှေ့ခရီးအတွက် တက္ကသိုလ်ဝင်စာမေးပွဲက  အရေးကြီးသည်မို့ မိဘများနှင့်တကွ  မိသားစုကပါ  အလေးဂရုပြုကြသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် မိသားစုဝင် ကျောင်းသူ ကျောင်းသားတို့ကို  လိုလေ သေးမရှိ ဂရုစိုက်ကြသည်။  အရိပ်တကြည့်ကြည့်နှင့် စောင့်ရှောက် ကြသည်။

 

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်