၂၀၂၂ နှစ်သစ်ကို ဖြတ်သန်းသည့်အခါ
ပြီးခဲ့သောရက်များအတွင်း နိုင်ငံတကာနှစ်သစ်ကူးနေ့၊ ကရင် အမျိုးသားနှစ်သစ်ကူးနေ့၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့များ နှင့်အတူ နှစ်ဦးချိန်ခါသမယကို ကောင်းသော မျှော်လင့်ချက်များဖြင့် ကြိုဆိုခဲ့ကြသည်။ နှစ်ဟောင်းတစ်ခုကုန်ဆုံး၍ နှစ်သစ်ဆီသို့ ဝင်ရောက်ချိန်တွင် မိမိတို့ဖြတ်သန်းကြရမည့် နှစ်သစ်တစ်လျှောက် အနှောင့်အယှက်၊ အခက်အခဲများ၊ ပင်ပန်းဆင်းရဲမှု၊ ကြမ်းတမ်း ခက်ထန်မှုများကို မည်သူမျှမကြုံတွေ့လို။ ငြိမ်းအေးချမ်းသာမှု၊ သာယာဝပြောမှု၊ ချောမွေ့ဖြောင့်တန်းမှုတို့ကိုသာ လူတိုင်းကိုယ်စီ အလိုရှိကြသည်သာ ဖြစ်သည်။