မြန်မာ့အလင်းအယ်ဒီတာအာဘော်

အမြော်အမြင်ကြီးမားမှုသည် အခရာ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

 

လူတို့သည် ဘ၀တွင် အောင်မြင်မှု၊ ပျော်ရွှင်မှုတို့ကို ခံစားကျေနပ်ရ သည့်အခါ ပီတိသောမနဿ ဖြစ်ကြ၏။ သို့သော်လည်း ထိုပျော်ရွှင် မှုသည်လည်းကောင်း၊ ပီတိသောမနဿဖြစ်ရမှုသည်လည်းကောင်း မည်မျှတိုတောင်းသည်၊ မည်မျှတာရှည်ခံသည်ဆိုခြင်းကို မေ့လျော့ ထားမိတတ်သည်။

ဤသည်ပင် လူတို့၏ ဘ၀အမြင်ကို ဖော်ပြနေသည်ဟု ဆိုရပါ မည်။ ဘ၀ကို မည်မျှလောက် ရှည်ရှည်လျားလျား ရှုမြင်သနည်း၊ ရေရှည်အကျိုးစီးပွားကို မည်မျှလောက် သဘောပေါက်နားလည် ထားသနည်း ဆိုသည်တို့က လူတို့ဘ၀၏ အရေးပါသော အဆုံးအဖြတ် တို့အပေါ် ဩဇာလွှမ်းမိုးသက်ရောက်မှုရှိပါသည်။

အခါတော်ရောက်ချိန် နီးလို့လာပြီ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

 

ပြည်သူလူထုက မိမိတို့၏ စိတ်သဘောဆန္ဒပေါ်မူတည်၍ မိမိတို့ ကိုယ်တိုင် စိုက်ထုတ်သည့် လုံ့လ ဝီရိယတို့ဖြင့် မဲရုံများဆီသို့ သွားကာ မိမိတို့ရင်ထဲက ယုံကြည်သည့်အတိုင်း မဲပေးရွေးချယ်ခဲ့ကြ သော ပြည်သူ့ကိုယ်စားလှယ်များသည် ယခုလာမည့် ဖေဖော်ဝါရီ ၁ ရက်တွင် လွှတ်တော်များ၌ စတင်တာဝန်ယူတော့မည်ဖြစ်ပါသည်။

ထိုသို့ တာဝန်ယူ အလုပ်လုပ်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို နေပြည်တော်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်းလည်း သိရပါသည်။ ဆက်လက်၍ နောက်တစ်နေ့ တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို ထိုးနှံမည်ဖြစ်ပါ၏။

အစိုးရိမ်လွန်စရာမရှိ သတိကြီးစွာဖြင့်...

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြန်မာနိုင်ငံတွင်း၌ စတင် ထိုးနှံနေပြီဖြစ်သည်။ အခြားသော ကမ္ဘာ့နိုင်ငံများကဲ့သို့ပင် လက်ဝယ် ရရှိထားသော ကာကွယ်ဆေးနှင့် ထိုးနှံရန်လိုအပ်သည့် လူအရေ အတွက် မမျှမတဖြစ်နေသည့်အတွက် မည်သို့သောသူများကို ပထမဆုံး စတင်ထိုးနှံမည်၊ ထို့နောက် မည်သူတို့ကို ဆက်လက် ထိုးနှံမည် စသည့် ကာကွယ်ဆေးထိုးနှံရေး ဦးစားပေးအစီအစဉ်များ ရေးဆွဲကာ အကောင်အထည်ဖော်နေခြင်းဖြစ်ပါသည်။

ထိုအစီအစဉ်များအရ လွန်ခဲ့သောရက် ဇန်နဝါရီ ၂၇ ရက်နေ့က ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေး စတင်ထိုးနှံနေပြီ ဖြစ်ပါသည်။

စံချိန်စံညွှန်းနှင့် ပညာရှင်များ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက် များ - ၂၀၂၀ (MNBC Code-2020) ကို ယခု ကျန်ခဲ့သည့်နှစ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁ ရက်နေ့က စတင်ပြီး ရည်ညွှန်းကိုးကား လိုက်နာကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရုံးက ညွှန်ကြားခဲ့ပါသည်။

ကိုဗစ်နှင့် စီးပွားရေးရာ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

 

ကိုဗစ်ကပ်ရောဂါ ကမ္ဘာလောကထဲ ဝင်ရောက်လာသည့် အချိန်မှစ၍ ကျန်းမာရေးပြဿနာ၊ စီးပွားရေးပြဿနာ၊ လူမှုရေး ပြဿနာ စသည့် အထွေထွေပြဿနာများနှင့် တစ်ပြိုင်နက် တည်းလိုလို နဖူးတွေ့ ဒူးတွေ့ ကြုံကြရတော့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး အကျပ်အတည်းပြဿနာတွင် လူတစ်ဦးချင်း၏ ဆင်းရဲနွမ်းပါးမှု၊ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားလွန်းနေခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း အကျပ် အတည်းတို့က ထင်သာမြင်သာရှိသော ထိပ်တန်းပြဿနာ များဟု ဆိုရပါမည်။

ကိုဗစ်ကာလ သံဝေဂဖြင့်

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

ရုတ်ခြည်းပေါ်ပေါက်လာသည့် ဗိုင်းရပ်စ်ပိုးနှင့် ကပ်ရောဂါတစ်ခု ကြောင့် လူတို့၏ ပုံမှန်အနေအထိုင်၊ အပြုအမူတို့ ပြောင်းလဲ သွားကြကာ လူမှုဘဝနေထိုင်မှုပုံစံသစ်အဖြစ် ပြောင်းလဲလာ ခဲ့သည်မှာ နှစ်ပေါက်ခဲ့ပြီ။

လူတို့၏ အနေအထိုင်၊ အပြုအမူ ပုံစံသစ်ဟု ဆိုနေရသော် လည်း အတွေးအမြင်၊ အယူအဆတို့ကပါ လိုက်ပါပြောင်းလဲလာနေ သည်ကို သတိပြုမိနိုင်ပါသည်။ လူများစု၏ အပြုအမူ၊ အတွေး အမြင်၊ အယူအဆတို့သည် ကောင်းမှုဘက် ကုသိုလ်ဖြစ်ရေးဘက်သို့ ပို၍ အလေးများလာကြ၏။

စေတနာ သမ္ပဒါ

 

 

 

မြန်မာနိုင်ငံသို့ အိန္ဒိယလေကြောင်းဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်သန်းခွဲ ရောက်ရှိလာပြီ ဖြစ်၏။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသို့ ပေးလှူသော ကာကွယ်ဆေး ဖြစ်ပါသည်။ ယခု ရက်သတ္တပတ်တွင်း မှာပင် လူခုနစ်သန်းခွဲကို ဦးစားပေးအဆင့်အလိုက် ကာကွယ်ဆေး စတင်ထိုးနှံတော့မည်ဖြစ်၏။ နောက်ထပ် လာရန်ရှိသည့် ကာကွယ်ဆေးအစီအစဉ်များကလည်း ဆွေးနွေးပြင်ဆင်ထားပြီး ဖြစ်သည်ဟုလည်း သိရပါသည်။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်