ဒစ်ဂျစ်တယ်နည်းပညာဗဟုသုတနှင့် သုံးစွဲမှု အလေ့အကျင့်တို့ မြှင့်တင်
ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့သည့်ကာလက နည်းပညာ မြင့်မားသည့်ခေတ်ဖြစ်နေခြင်းကြောင့် အခက်အခဲအကျပ်အတည်း တော်တော်များများကို ပြေလည်စေသည်။ အထူးသဖြင့် လူတိုင်း လိုလို၏ အိတ်ထဲတွင်ရှိနေသော လက်တစ်ဝါးသာသာ မိုဘိုင်းဖုန်း ကလေးက အခရာကျသည်။ အင်တာနက်ကွန်ရက်နှင့်ချိတ်ဆက် ထားသော မိုဘိုင်းဖုန်းကလေးကိုအသုံးပြု၍ ကိစ္စအတော်များများ ကို လျင်လျင်မြန်မြန် အဆင်ပြေပြီးမြောက်အောင် ဆောင်ရွက်နိုင် သည်။