ရန်ကုန်တက္ကသိုလ်နှင့် ကျွန်မ
ဒေါက်တာလေးငုံ
ကျွန်မသည် ၁၉၈၇ ခုနှစ်တွင် အခြေခံပညာအထက်တန်းစာမေးပွဲကို (က) အဆင့်ဖြင့် အောင်မြင်ခဲ့ပါသည်။ ထိုနှစ်က စနစ်သစ်၏ ပထမဆုံးဖြေဆိုရသော စာမေးပွဲဖြစ်သောကြောင့် အောင်မြင်သူ အလွန်နည်းသည်။ ထိုသို့ရှားရှားပါးပါး အောင်မြင်သူများထဲမှ ကျွန်မပါဝင်ခဲ့၍ အလွန်ပျော်ခဲ့ရသည်။ အောင်စာရင်းကြည့်ပြီး ပြန်လာသော ကျွန်မ၏ ခြေလှမ်းများသည် မြေကြီးနှင့် မထိတော့ဟုထင်ရသည်။ ချက်ချင်းပင် တက္ကသိုလ်ကျောင်းသူကြီး ဖြစ်သွားသလို ခံစားရသည်။
- Read more about ရန်ကုန်တက္ကသိုလ်နှင့် ကျွန်မ
- Log in to post comments