နိုင်ငံရေး

ပိုမိုကောင်းမွန်သောအနာဂတ်များဖြင့် နှစ်သစ်ကိုကြိုဆို

သိန်းထွန်း (IR)

======

နှစ်ဟောင်းကုန်၍ နှစ်သစ်တစ်ခုသို့ ပြောင်းလဲလေပြီ။ 

မဆန်းသော်လည်း မရိုးလှတဲ့ NDAA ‌ဇာတ်လမ်းတစ်ပုဒ်

မြင့်မြတ်

====

အမေရိကန်နိုင်ငံကြီးအနေနဲ့ သူနဲ့ဓာတ်မတည့်တဲ့နိုင်ငံတွေမှာ စစ်ရေးအပါအဝင် ဝင်ရောက်စွက်ဖက်စိုးမိုးနိုင်ရေး၊ ပင်တဂွန်ရဲ့မူဝါဒတွေကို အထောက်အကူ ပြုမယ့် ၂၀၂၂ ခုနှစ်အတွက် (၆၁)ကြိမ်မြောက် ကာကွယ်ရေးဘတ်ဂျက်ဥပဒေသစ်တစ်ခုဟာ Congress မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့က  အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ 

လွတ်လပ်ရေးအောင်ပွဲနှင့် ဗိုလ်ရှုသဘင်ပွဲ ဆင်ယင်နွှဲ

မင်းမြင့်ဆွေ 
======

အလံတင်အခမ်းအနားနဲ့  ဗိုလ်ရှုသဘင်သမိုင်းစဉ် 

ဇာတိမာန်နှင့်လွတ်လပ်ရေး

ကိုဇော်ဌေး(ယဉ်ကျေးမှု)
============

၂၀၂၂ ခုနှစ် ဇန်နဝါရီလ  ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည်။   လွတ်လပ်ရေးနေ့ကို  အမှတ်ရကြ၊ မမေ့ကြသည့်နည်းတူ မြန်မာတို့၏ ဇာတိသွေးဇာတိမာန်ကိုလည်း မမေ့ကြပါချေ။ မြန်မာ့လွတ်လပ်ရေးဆုံးရှုံး၍ တိုင်းတစ်ပါး၏ အုပ်ချုပ်မှုအောက်ရောက်နေချိန်ဝယ် မြန်မာတို့၏ မျိုးရိုးဇာတိမာန်ကို   အုပ်စိုးသူတို့က   နည်းအမျိုးမျိုးဖြင့်  ချိုးနှိမ်ခဲ့ကြသည်။ တစ်မျိုးသားလုံး သူ့ကျွန်ဖြစ်၍ နင်းပြားဘဝသို့ရောက်နေသော ထိုအချိန်ဝယ် လွတ်လပ်ရေးအတွက် မြန်မာတို့၏ဇာတိမာန်သည် ရှင်သန်မြဲဖြစ်သည်။

 

(၇၄)နှစ် လွတ်လပ်ရေးနေ့အတွေးအမြင်

စာချစ်သူ

======

 

 ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယဖြစ်သည်။
မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီနယ်ချဲ့လက်အောက်တွင် နှစ်ပေါင်း ၁၀၀ ကျော် သူ့ကျွန်ဘဝသို့ကျရောက်ခဲ့ရာမှ တစ်မျိုးသားလုံး အသက်သွေး၊ ချွေးများ ပေးဆပ်ရင်းနှီးပြီး တို့ဗမာအစည်းအရုံးနှင့် ဖဆပလအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ကြသည်။

 

မားသားအိန္ဒိယကို လွတ်လပ်ရေး ရယူဆောင်ကြဉ်း

ပျောက်ဆုံးသွားလို့မဖြစ်တဲ့ အမျိုးသားရေးဂုဏ်သိက္ခာ ....

 ပြည်ထောင်စုသားတစ်ဦး
===============

ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပသည့် ၂၀၂၀ အာဆီယံ  ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲတွင်    မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် တီမောအသင်းကိုမှအပ အိမ်ရှင် စင်ကာပူ၊ ထိုင်းနှင့် ဖိလစ်ပိုင်အသင်း တို့ကို ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှ ထွက်ရသည်။


မြန်မာဘောလုံးလောက၏ လက်ရှိအခြေအနေအရ   မြန်မာ ဘောလုံးအသင်းကို   ပြိုင်ပွဲတွင်  အဆင့်မြင့်မြင့်မားမားရပ်တည်ရန် မမျှော်မှန်းထားသော်လည်း ဖိလစ်ပိုင်အသင်းအား ရှုံးနိမ့်ခဲ့ရသည်ကိုမူ ရင်ထဲဟာတာတာခံစားရသည်။

Subscribe to နိုင်ငံရေး