ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း၊ မီဒီယာလုပ်ငန်းများ ပြန်လည်ရှင်သန်နိုင်ပါစေ
ကိုလူလှ
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ အကျိုးဆက်တွေကြောင့် ပြည်သူအများ လူမှုစီးပွားဘဝတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရပါတယ်။ နိုင်ငံတော် ကလည်း တစ်ဖက်တစ်လမ်းက အတတ်နိုင်ဆုံး ကူညီထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်ပေးတာတွေ ပြုလုပ်လျက်ရှိပါတယ်။ ဒါပေမယ့်လည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရင်ဆိုင်ကြုံတွေ့နေကြတာကြောင့် အားလုံး ကိုယ်စီကိုယ်စီ အပြည့်အဝမလုပ်ပေးနိုင်တာကို နားလည်ကြပါတယ်။ အမှန်တကယ်လိုအပ်နေသူ တွေကို သင့်တင့်သလောက် အထောက်အပံ့ပေးနိုင်တာကိုပဲ ကျေနပ်မိပါတယ်။