လူမှုရေး

လစ်ဘရယ်လှိုင်းအပုတ်မှာ တိမ်မြုပ်စပြုလာသည့်  ရိုးရာဓလေ့စံနှုန်းများ

 

စာချစ်သူ

 

လက်ဖက်ရည်ဆိုင်ထဲမှာ ချစ်သူစုံတွဲတစ်တွဲ နဖူးလေးကိုနမ်းလိုက်၊ ပါးလေးကိုတို့ထိလိုက်နှင့် ပတ်ဝန်းကျင်ကို  သူတို့မေ့လျော့နေသည်။ တစ်ဝိုင်းတည်းထိုင်နေသည့် လူငယ်ကောင်လေးများကလည်း သူတို့စုံတွဲကို ဂရုမထား ဂိမ်းကစားမပျက် ရှိလို့နေသည်။ အတိတ်မြင်ကွင်းပုံရိပ်တို့က တဖျတ်ဖျတ်ထင်ဟပ်လာသည်။ ဆရာမကြီးလူထု ဒေါ်အမာက “ကျွန်မတို့ငယ်ငယ်တုန်းက” စာပဒေသာ ပေလွှာဖွဲ့နွဲ့ခဲ့သလို ကျွန်တော်တို့ ငယ်ငယ်တုန်းက ချစ်မှုရေးရာ နှလုံးသားကိစ္စများကို ပြန်ပြောင်းသတိရလာသည်။

ဝိပ္ပလ္လာသတရားတို့ ဖုံးလွှမ်းပြီဆိုမှဖြင့်

 ဝိပ္ပလ္လာသတရားဆိုတာ မှောက်မှားသောတရားလို့ အဓိပ္ပာယ်ရတယ်။ မှောက်မှားသောတရားက သုံးပါးရှိပြန်တယ်။ သညာဝိပ္ပလ္လာသက အမှတ်မှားသောတရား၊ ဒိဋ္ဌိဝိပ္ပလ္လာသက အယူမှားသောတရား၊ စိတ္တ ဝိပ္ပလ္လာသက အထင်မှားသောတရား။

ဆိုတော့ကာ ဝိပ္ပလ္လာသတရားတို့ ဖုံးလွှမ်းသွားရင်  ဘာဖြစ်နိုင် သလဲ။   အကျိုးဆက်ကတော့   အမှန်ကို   အမှန်လို့မမြင်နိုင်တော့ဘဲ မှောက်မှောက်မှားမှားတွေမြင်ပြီး          ကိုယ့်ရဲ့အကျိုးစီးပွားတွေ ဆုတ်ယုတ်ပျက်စီးဆုံးရှုံးစေတတ်ပါတယ်။

လမ်း၊ တံတားများတိုးပွားမှုကြောင့် လူမှုစီးပွားဘဝ တိုးတက်ပြောင်းလဲနေသော ရှမ်းပြည်နယ်(မြောက်ပိုင်း) (၂)

ရှမ်းပြည်နယ်  (မြောက်ပိုင်း)   အတွင်း၌   Oriental Highway Co.,Ltd မှ B.O.T စနစ်ဖြင့် ဆောင်ရွက် သော လမ်းပိုင်းတည်ရှိမှုအခြေအနေမှာ  မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်း  ၂၅၁ မိုင်   ၂ ဖာလုံ၊  မိုင်းယု-ကြူကုတ်လမ်း   ၁၂   မိုင်၊ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်း ၆၆ မိုင်၊ လားရှိုးမြို့ ရှောင်လမ်း  ၁၅ မိုင် ၄ ဖာလုံတို့ဖြစ်သည်။

ဝါကျွတ်မြင်ကွင်း သီတင်းကျွတ်လ

ရေနံ့သာမောင်ကျော်ညွန့် 

==============

 

မုတ်သုံလေညောင်း၍        ပြောင်းရွှေ့တော့မည်။ ဆောင်း၏ရှေ့တော်ပြေး  မြောက်ပြန်လေအေးက တစ်ခါတစ်ခါကျီစယ်လာသည်။ ဆောင်းအငွေ့ကိုပါ သယ်ဆောင်လာသည်။    မခို့တရို့နှင်းစက်ကလေး တွေက   မစို့မပို့ဆွတ်ဖျန်းလာသည်။      အဇဋာ ကောင်းကင်တစ်ခွင်လုံး    တိမ်ခိုးတိမ်မျှင်၊   မြူခိုး မြူမင်ကင်းစင်နေသည်။      ကြည်လင်နေသည်။  ဆောင်းဦးအကြို သီတင်းကျွတ်လသို့ ရောက်ခဲ့ပြီ တကား။ 

ခုနစ်လမြောက်လ

ရေကြည်ထွက်အောင် တူးကြပါ

ကို(စစ်တက္ကသိုလ်)

===========

 

ဤဆောင်းပါးကို စာတတ်-စာဖတ်-စာဖတ်တတ်-စာငတ်-စာမပြတ်ဟူသော   ကျောရိုးအတိုင်း တင်ပြသွားပါမည်။


ယခုခေတ်တွင် စာမတတ်သူဦးရေ အလွန် နည်းပါးသွားပါပြီ။ “အ”သုံးလုံးကျေးဇူးကြောင့် ယခင် စာမတတ်သူများသည် ယခုရေးတတ်၊ ဖတ်တတ် လာကြသည်။ စာရေးသူပြောချင်သော စာတတ် ဆိုသည်မှာ ပညာတတ်ကြီး မဖြစ်ချင်နေပါစေ။ အနည်းဆုံး စာကိုဖြောင့်ဖြောင့်တန်းတန်း ဖတ်နိုင် နားလည်နိုင်သော အဆင့်ကို ဆိုလိုပါသည်။ စာအုပ် တစ်အုပ်ကို ဖတ်နိုင်စွမ်းရှိသော အဆင့်ကို ဆိုလိုပါ သည်။ ဒီလိုစာတတ်သူတွေ ပေါပေါများများရှိရန် လိုအပ်ပါသည်။ တစ်နိုင်ငံလုံး စာတတ်ကြလျှင် အကောင်းဆုံးပါပေ။

မြန်မာ့ဓလေ့နှင့် သီတင်းကျွတ်မီးထွန်းပွဲတော်

 

လွန်းပိုးအိမ်
 

မြန်မာလူမျိုးတို့၏ သီတင်းကျွတ်လပြည့်နေ့သည်  နေ့ထူးနေ့မြတ်ဖြစ်သလို အဘိဓမ္မာအခါတော်နေ့လည်း ဖြစ်ပါသည်။ သီတင်းကျွတ်လပြည့်နေ့တွင် ရဟန်း သံဃာတော်တို့သည်  ပဝါရဏာပြုပွဲများ  ကျင်းပကြသည်။ မြန်မာဗုဒ္ဓဘာသာဓလေ့အတိုင်း မွန်မြတ်သော စိတ်နေသဘောထားဖြင့်  ဂါရဝေါစ၊ နိဝါတောစ တရားကြီးမားပုံကို ပြသသောအနေဖြင့် ဘိုးဘွား၊ မိဘ၊ ဆရာသမားများကို ပူဇော်ဂါရဝပြုလေ့ရှိကြသည်။

 


မြတ်စွာဘုရားရှင်အား ပူဇော်ကြိုဆို

Subscribe to လူမှုရေး