လူမှုရေး

မူးယစ်မေ့လျော့စေတတ်သော အရက်သေစာ၊ မူးယစ်ဆေးတို့ကို သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်းသည် မင်္ဂလာမည်၏။

 ကျော်ကျော်လှိုင်

 

မင်္ဂလာတရားတော် ၃၈ ပါးတွင် လိုက်နာရမည့်အချက်များ ရှိသကဲ့သို့ ရှောင်ရမည့်အချက်များလည်း ရှိပါသည်။ မဇ္ဇပါနာစသံယမောသည် ရှောင်ရမည့်တရားတော်ဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင်လက်ထက်တော်က မူးယစ်ဆေးဝါးများ မပေါ်သေး၍ မူးယစ်မေ့လျော့စေတတ်သော သေရည်သေရက်သောက်စားခြင်းမှ ကောင်းစွာရှောင်ကြဉ်ခြင်းသည် မင်္ဂလာမည်၏ဟု မူလတရားတော်က ဆိုပါသည်။ မူးယစ်ဆေးဝါးကို သုံးစွဲခြင်းသည် အရက်သေစာထက်ပင် လူကိုဒုက္ခပေးနိုင်၍ မူးယစ်ဆေးကိုလည်း ရှောင်ရ မည်ဖြစ်ပါသည်။ 

 

ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး (သို့မဟုတ်) စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)

 

စိုးနိုင်ထွန်း(စာပေဗိမာန်)

အချိန်ကား တပေါင်းလအကုန် တန်ခူးလသို့အကူး နွေဥတု၏အမှတ်သင်္ကေတဖြစ်သည့် လေရူးတို့ တသုန်သုန်တိုက်ခတ်ချိန်ဖြစ်၏။  တောင်သူဦးကြီးတို့ မိုးဦး ကိုမျှော်ကာ စိုက်ပျိုးရန်အတွက် အသင့်ဖြစ်စေရန် ထွန်ရေးခွင်ကို ပြင်ဆင်ထားချိန်လည်း ဖြစ်ပြန်၏။ ယင်းအချိန်သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျင်းပ ပြီးစအချိန်ဖြစ်သည်။ တစ်နှစ်ပတ်လုံး ကြိုးစားလာခဲ့သမျှ ထိုအချိန်ကျမှသာလျှင် ကျောင်းသားတစ်ယောက်၏ တာဝန်ဝတ္တရားကို ခေတ္တခဏမျှ ပစ်ချထား နိုင်ကြ၏။

 

မြန်မာစကားပြေပါရဂူ ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)

စကားပြေသည်  လူမျိုး၏အသက်၊  လူမျိုး၏ အားထားရာ၊ လူမျိုး၏ တန်ဆောင်ဆီမီး ဖြစ်သည် ကို မပြတ်သတိရသင့်ပေသည်ဟု မြန်မာစာဆိုကြီး တစ်ဦးဖြစ်သည့် ဆရာမင်းသုဝဏ်က ဆိုထားသည်။ ယနေ့ခေတ် မြန်မာစကားပြေကို လေ့လာသူတိုင်း ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)၏    စကားပြေ သဘောတရားဆိုင်ရာ   တင်ပြချက်၊ ဖော်ပြချက် များကို လေ့လာမိမည်မှာ မလွဲဧကန်ဖြစ်သည်။ ဆရာကြီးမောင်ခင်မင် (ဓနုဖြူ)သည် ဘာသာဗေဒ ရှုထောင့်ကနေ၍  မြန်မာဘာသာစကား၏ မတူ ကွဲပြားသော အသံအတက်အကျနှင့် ဖိသံဖော့သံ၊ စကားလုံးနှင့် စကားစုတို့၏ ပေါင်းစပ်ဖွဲ့စည်းမှုတို့ကို သုတေသနပြုနေသော မြန်မာစာပေပညာရှင်တစ်ဦး ဖြစ်သည်။ ဆရာကြီး၏ ရေးသားတင်ပြချက်များ သည် စာဖတ်သူများအတွက် မြန်မာဘာသာစကား ကို

ပညာအလင်းနဲ့ ရွက်လွှင့်ကြပါစို့ရဲ့ လူငယ်မျိုးဆက်သစ်တို့

မိုးကေနိုင် 

=====

 

သဘာဝတရားကြီးရဲ့ တန်ဖိုးရှိလှတဲ့ လက်ဆောင်တစ်ခုအဖြစ် တင်စားခြင်းခံရတဲ့ ယနေ့ခေတ်လူငယ်တွေဟာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ခွန်အားတစ်ရပ်အဖြစ်လည်း  ဆိုချင်ပါတယ်။  ဖွံ့ဖြိုးတိုးတက်ဖို့ ပြုပြင်ပြောင်းလဲမှုတိုင်းမှာ လူငယ်တွေဟာ အရေးပါလို့ပါ။ နိုင်ငံတစ်ခုရဲ့ အနာဂတ်မျက်နှာစာကို အလင်းဆောင်နေတဲ့သူတွေလို့ သတ်မှတ်မယ်ဆိုရင်လည်း မမှားဘူးပေါ့၊၊ လူ့အဖွဲ့အစည်းတစ်ခု တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းဟာ လူငယ်တွေနဲ့ အများဆုံးသက်ဆိုင်နေလို့၊ လူငယ်တွေကိုထိန်းကျောင်းပေးနေတဲ့ ကျွန်တော်တို့လို လူကြီးတွေနဲ့  အဓိကသက်ဆိုင်နေလို့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သတိပေးနေခြင်း တစ်ခုလို့သာဆိုပါရ‌စေ။ 

လူငယ်တွေဖတ်သင့်သည့်စာပေ

 

စာချစ်သူ
 

စကော့လူမျိုး  ကမ္ဘာကျော်စာရေးဆရာကြီး သောမတ်ကာလိုင်း   (Thomas Carlyle) က  “အတ္ထုပ္ပတ္တိစာပေသည်   ဖတ်ရှုစရာစာပေများတွင်  ဖတ်ပျော်ဖွယ် အရှိဆုံးနှင့်  အကျိုးအမြတ်အရှိဆုံး ဖြစ်သည်” ဟုဆိုသည်။

 


အမေရိကန်စာရေးဆရာကြီး ရပ်ဝါလာဒိုအီမာ ဆန်(R.W. Emerson)ကတော့ “လူထူးလူချွန်တို့၏ တကယ့်ဘဝသည်  သူတို့၏စာပေများနှင့်ဆောင်ရွက် ချက်များတွင်ရှိသည်”ဟု ဆိုပါသည်။

 


လူထူးလူချွန်တို့၏ တကယ့်ဘဝ

မိဘဝတ္တရား

 

ဆရာမဲဇာ

ထုံးစံအရ သီတင်းကျွတ်ကာလမှာ မိဘတွေအတွက် အလုပ်များသည့်ကာလပင် ဖြစ်ပါသည်။ မိဘဝတ္တရားအရ ချီးမြှင့်ရမည့် အရွယ်ရောက်သားသမီးများအတွက် အိမ်ရာထူထောင်ပေးရမည့် တာဝန်မှာ မသေးလှသောတာဝန်ပင်။ သို့ရာတွင် ထိုတာဝန်ကို ကျေချင်လျက် မကျေနိုင်အောင် ကိုဗစ်-၁၉ ကပ်ဆိုးက ဟန့်တား နေသည်မှာ နှစ်သီတင်းပင် ကျွတ်တော့မည်။

 


မိဘဝတ္တရားများ

Subscribe to လူမှုရေး