လူမှုရေး

အဘိဓမ္မာတရားကိုလေ့လာသင်ကြားနာယူ၍ သာသနာတော်ကို ကျေးဇူးဆပ်စေချင်

ဒေါက်တာမြတ်မိုး

=======

 

ဘဝတွင် တန်ဖိုးမဖြတ်နိုင်သောမြတ်စွာဘုရား၏တရားတော်များအနက်  အဘိဓမ္မာတရားတော် လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ အဘိဓမ္မာ တရားကြောင့် မိမိခန္ဓာ မိမိကိုယ်တိုင်သိခွင့်ရသည့် အတွက် မိမိ၏ဓမ္မလမ်းကြောင်းကို မတိမ်းမစောင်း စေရန် မှန်မှန်ကန်ကန် ထိန်းကျောင်းပေးနိုင်သော တရားတော်တစ်ခုအဖြစ်   ဂုဏ်ယူမိပါသည်။ ထို့ကြောင့်လည်း  ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆုံးမထိန်းကျောင်းနိုင်အောင်  အသေးစိတ်လမ်းပြ ပေးသော တရားတော်ကြီးအဖြစ် တင်စားမိပါသည်။ 

အခြားသောဓမ္မတရားများထက် 
သာလွန်သော ဓမ္မထူး 

ဖြစ်နိုင်ခြေတွက်ဆမှု

 

အလုပ်တစ်ခုလုပ်တော့မယ်ကြံတိုင်း ပေါ်လာတဲ့အကြံကို ချက်ချင်းလက်ငင်း ကောက်ကာငင်ကာ အကောင်အထည်ဖော်သင့်သလား။ ဖြစ်နိုင်ခြေကို တွက်ဆပြီးမှ အကောင်အထည်ဖော်သင့်သလား။ ဒါက သေချာစဉ်းစားရမယ့်အချက်တစ်ခုပါ။
အဖွဲ့အစည်းကြီးတွေ၊ ကုမ္ပဏီကြီးတွေကတော့ စီမံကိန်းလုပ်ငန်းကြီးတစ်ခု  လုပ်တော့မယ်ကြံတိုင်း  သက်ဆိုင်ရာစီမံကိန်းနဲ့ပတ်သက်လို့   ဖြစ်နိုင်ခြေလေ့လာဆန်းစစ်တဲ့လုပ်ငန်းကို အချိန်ယူပြီး ကျကျ နန လုပ်လေ့ရှိကြပါတယ်။ 

 

ပြည်သူဦးဆောင် ဖွံ့ဖြိုးအောင် ကုသိုလ်မနှေး ရေပေးရေး

 

မောင်ရေခဲ(ကျေးလက်)

တစ်လောက ဆောင်းပါးတစ်ပုဒ်မှ အစ်ကိုတစ်ယောက်ရေးတဲ့  အကြောင်းလေး စိတ်ဝင်စားလို့မှတ်မိနေတာလေး ပြန်လည်မျှဝေချင်လို့ပါ။ ရေးတဲ့အကြောင်းက အခြားမဟုတ်ပါ။  ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆိုင်တဲ့ စီမံကိန်းလေးတစ်ခုအကြောင်းပါ။ ခေါင်းစဉ်က ရေမီတာသုံး ကျေးရွာလေးများတဲ့၊  စိတ်ဝင်စားစရာ ကောင်းတာက စီမံကိန်းလို့သာ ပြောတာ၊  အမှန်တကယ်  လုပ်သွားတာက အဲဒီဒေသ၊ အဲဒီကျေးရွာတွေမှာ နေထိုင်နေကြတဲ့ ပြည်သူတွေ။ အဲဒါကြောင့်လည်း စိတ်ဝင်စားလို့ ဖတ်မိရင်း မှတ်မှတ်ရရ စိတ်ထဲစွဲနေတာပါ။ 

 

အတွဲလိုက်လှမ်းကြရမည့် ခြေလှမ်းအစ (သို့မဟုတ်) နိုင်ငံတကာအရည်အသွေးမီ ချင်းနု (ဂျင်းနု) ထုတ်ကုန်သစ်များ ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး

 

မမပစ်တိုင်းထောင် (SME)
 

ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံတွင် ပျံ့နှံ့လာပြီးနောက် ချင်း (ဂျင်း) စားသုံးမှုမြင့်မားလာသည်ကို သတိပြုမိပါသည်။ ယခင်က ချင်းကို နေ့စဉ်ဟင်းချက်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်းကောင်း၊ ချင်းသုပ်အဖြစ်လည်းကောင်း၊ ချင်းဆီးပြားပြုလုပ်၍လည်းကောင်း စားသုံးလေ့ရှိရာမှ ယခုအခါ ဖျားနာခြင်းမှ ကာကွယ်ရန်အတွက် ချင်းမှုန့်ကို ရေနွေးကြမ်းတွင်ခတ်၍ သောက်သုံးသည့်အလေ့ ဖြစ်ထွန်းလာသည်ကိုလည်း တွေ့ရှိရပါသည်။

 

တောင်ပေါ်မြေပြန့်မခွဲခြားဘဲ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်သွယ်သွားလာနိုင်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)က လမ်းတံတားများ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံမြို့နယ်သည် ကဿပမြတ်စွာဘုရားလက်ထက်တွင် ခဏ္ဍဝဇီရကို စိုးစံတော်မူပြီးနောက် ဆက်ခံစိုးစံမည့်အနွယ်မရှိဘဲဖြစ်နေစဉ် ဂေါပါလအမည် ရှိသော နွားကျောင်းသားသည် ကျီးတို့၏ ကျေးဇူးကြောင့် ခဏ္ဍဝဇီရပြည်သို့ရောက်ရှိပြီး ဘုရင်ဖြစ်လာသည်။ ဂေါပါလမင်းအုပ်စိုးစဉ်တိုင်းပြည်ကို ရေလွှမ်းမိုးပြီး ရေအိုင်ကြီးဖြစ်သွားရာ ဓမ္မိလရေအိုင်ဟု အမည်တွင်ခဲ့လေသည်။

 

Subscribe to လူမှုရေး