အရှုပ်အထွေးမရှိသောအလုပ်ကို လုပ်ခြင်းသည် မင်္ဂလာမည်၏။
အရှုပ်အထွေးမရှိသောအလုပ်ကို လုပ်ခြင်းဆိုသည်မှာ အလုပ်လုပ်ရာတွင် စိတ်ရော လူရော ရှုပ်ထွေးခြင်း မရှိစေနှင့်ဟု အဓိပ္ပာယ်ရပါသည်။ အလုပ်များကို ရိုးရိုးသားသား မှန်မှန်ကန်ကန် မလိမ်မညာဘဲ လုပ်သူသည် စိတ်ရှုပ်ထွေးမှု ကင်းရှင်းပါမည်။ ဥပဒေနှင့် မညီသောအလုပ်ကို လုပ်မည်၊ ကျင့်ဝတ်များကို ဖောက်ဖျက်၍ အလုပ်လုပ်မည်၊ လိမ်လည်လှည့်ဖြားမှုများ လုပ်မည်ဆိုလျှင် စိတ်ရှုပ်ထွေးမှုများဖြစ်ကာ အိပ်ကောင်းခြင်းပင် အိပ်ရမည် မဟုတ်ပါ။ လူရှုပ်ထွေးခြင်းမရှိစေနှင့်ဆိုသည့် အဓိပ္ပာယ်မှာ အလုပ်လုပ်သည့်အခါ မလုပ်သင့်သည့်သူများနှင့် လက်တွဲမလုပ်ရန်၊ မပေါင်းသင်းထိုက်သည့်သူများနှင့် မပေါင်းရန် ဖြစ်ပါသည်။ ဥပဒေချိုးဖောက်သူများ၊ မိမိကိုယ်ကျိုး