တကယ်တော့ CDM လှုပ်ရှားမှုက ကျွန်တော်တို့လို နိုင်ငံ့ဝန်ထမ်းတွေကို နိုင်ငံရေးလုပ်စား၊ အမြတ်ထုတ်သူတွေက ချကျွေးခဲ့တာပဲ။ အခုတော့ အားလုံးသဘောပေါက် နားလည်လိုက်ပါပြီ
အင်တာဗျူး - မြင့်မိုရ်
နိုင်ငံတစ်ဝန်း လတ်တလော ဖြစ်ပေါ်လျက်ရှိသော CDM (Civil Diso-bedience Movement) လှုပ်ရှားမှုက တိုင်းပြည်အတွက် လူသား အရင်းအမြစ် ရှုထောင့်မှကြည့်လျှင် ရရှိလိုက်ရသောရလဒ်မှာ နိုင်ငံ့ ဝန်ထမ်းအများစု ဝန်ထမ်းဥပဒေနှင့်အညီ အပြစ်ပေးအရေးယူခံရခြင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းနှင့် ဝန်ထမ်းထုများအကြား အမျိုးမျိုးသော သွေးခွဲ သပ်သျှိုမှုများကြောင့် စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်ကြရသည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ CDM လှုပ်ရှားမှုအပေါ် အမှား/ အမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည့် ဝန်ထမ်းအချို့၏ ရင်တွင်းစကားသံများကို ရေးသားဖော်ပြလိုက်ပါသည်။
ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတဲ့ ပြည်သူ