မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးဖြစ်တဲ့အတွက်ကြောင့် ကိုယ်ရတဲ့အခွင့်အရေး အလှည့်ကျပေးလာတဲ့ ကာကွယ်ဆေးကို ထိုးကိုထိုးသင့်တယ်၊ ဒီလို ထိုးလို့လည်း ကိုယ့်အတွက် ဘာမှ ဆိုးကျိုးမရှိဘူး
ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ တတိယလှိုင်းကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သက်သာပျောက်ကင်းလာသူနှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်၍ ထိုးနှံကြသော အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၏ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်အောင် ကျန်းမာရေးဂရုတစိုက်နေထိုင်ကြမှုနှင့် ကာကွယ်ဆေးထိုးခြင်း၏ အကျိုးများကို သိရှိစေရေးအတွက် ၎င်းတို့၏ စကားသံများကို ဖော်ပြလိုက်ပါသည်။