သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အလေးထား
သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင် မိုးရာသီ ဇူလိုင် လနှင့် ဩဂုတ်လများတွင် ရောဂါကူးစက်မှုအများဆုံးဖြစ်သည် ကို တွေ့ရှိရသော်လည်း ယခုအခါ အချို့ပြည်နယ်၊ တိုင်းဒေသကြီး များတွင် တစ်နှစ်ပတ်လုံး ဖြစ်ပွားလာသည်ကို တွေ့ရှိရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။ ရောဂါကူးစက်မှုအများဆုံး သို့မရောက်မီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြည်တွင်း ဒေသအသီးသီးတို့တွင် ဆောင်ရွက်လျက်ရှိရာ အများပြည်သူတို့ သွေးလွန်တုပ်ကွေးဆိုင်ရာ အသိပညာများ မြင့်မားရေးနှင့် ရောဂါကာကွယ်ရေးဆိုင်ရာလုပ်ငန်းများတွင် တက်ကြွစွာပါဝင် ကြရေးတို့ အဓိကလိုအပ်သည်။