အကြမ်းဖက်အဖျက်သောင်းကျန်းသူများကို ပြည်သူများက ပြင်းထန်စွာဆန့်ကျင်လျက်ရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတိုက်ပွဲဖြစ်စဉ်များမှာ မြန်မာ ပြည်သူလူထုတစ်ရပ်လုံးက စိတ်ဝင်စားအာရုံစိုက်ကြသည့် အကြောင်းအရာတစ်ရပ်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာ လ ၂၇ ရက်မှစကာ မြောက်ပိုင်းသုံးဖွဲ့ဟု မီဒီယာများက ခေါ်ဆို ကြသည့် MNDAA ၊ TNLA နှင့် AA တို့ပူးပေါင်းပြီး “၁၀၂၇ စစ်ဆင် ရေး” ဟု ၎င်းတို့က အမည်ပေးထားသည့်တိုက်ခိုက်မှုများ ပြုလုပ် ၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)မြို့အချို့ကို တိုက်ခိုက်ခဲ့ကြသည်။