နိုင်ငံသားကောင်းတာဝန်
ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် ယင်းနိုင်ငံ၏ နိုင်ငံသားများ အရည်အသွေးမြင့်ရန် အရေးကြီးသည်။ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်၌ ပါဝင်သော နိုင်ငံသားများ စိတ်ဓာတ်အဆင့် အတန်းမြင့်မား၊ လုံ့လဝီရိယ၊ ဉာဏ်အမြော်အမြင်တို့ ပြည့်စုံ သည်နှင့်အမျှ နိုင်ငံတော်ကိုလည်း ကောင်းသည်ထက် ကောင်းအောင် တည်ဆောက်နိုင်ကြမည်ဖြစ်သည်။ ထို့အပြင် အရည်အသွေးမြင့်မားသော နိုင်ငံသားများကသာ ဒီမိုကရေစီ လူ့ဘောင်ကို တည်ဆောက်ရေးအတွက် လိုအပ်သော အရည် အချင်းပြည့်ဝသည့် ပြည်သူ့ကိုယ်စားလှယ်မျိုးကို မှန်မှန် ကန်ကန်ရွေးချယ်နိုင်ကြမည်လည်း ဖြစ်သည်။