အန္တိမရည်မှန်းချက်သို့ မလွဲမသွေလျှောက်လှမ်း
ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေအရ ဇူလိုင် ၂၂ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဆိုင်ရာ ကိစ္စရပ်များအလို့ငှာ ယာယီသမ္မတ တာဝန်ဝတ္တရား များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ လွှဲပြောင်း အပ်နှံလိုက်သည်။ လက်ရှိကာလတွင် မိမိတို့နိုင်ငံသည် သာမန် မဟုတ်သော အရေးပေါ်အခြေအနေကို ဖြတ်သန်းနေရချိန်ဖြစ်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပချိန်တွင် ယာယီသမ္မတသည် ကျန်းမာရေးကြောင့်ဖြစ်စေ၊ အခြားအကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ မတက်ရောက်နိုင်၊ လစ်လပ်ခဲ့ပါက အစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဦးဆော