မဖြစ်မနေ ရင်ဆိုင်ကျော်လွှားမည်
မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့လာခြင်းနှင့်အတူ ဓာတ်ခွဲအတည်ပြုလူနာသစ်များ တွေ့ရှိမှုမှာလည်း တစ်နေ့ထက် တစ်နေ့ တိုးမြင့်လာလျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ရိုက်ခတ်လာမှုအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။ ရောဂါကူးစက်မှုနှုန်း မြင့်မားသည့် မြို့နယ်များကို အိမ်တွင်သာ နေထိုင်မှုအစီအစဉ် (Stay at Home) သတ်မှတ်ပြီး ကာကွယ်ထိန်းချုပ် လျက်ရှိရာ ရောဂါကူးစက်ပြန့်ပွားမှု ပိုမိုများပြားလာသည်နှင့်အမျှ အသွားအလာ အကူးအသန်းတို့ကို ထပ်မံကန့်သတ်တားဆီးသွား ရမည်ဖြစ်သည်။



