မသမာသူတို့၏ မကောင်းသောအကြံနှင့် သတင်းအတုများ ပပျောက်ရေး
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ ဆေးဝါး နှင့် ဆေးကိရိယာပစ္စည်းများ တင်သွင်းခွင့်ရပ်ဆိုင်းခြင်းဟူသော ရုံးစာတစ်စောင် ဖေ့စ်ဘုတ်တွင် ပျံ့နှံ့နေခြင်းနှင့်အတူ ပြည်သူ လူထု အတွင်း၌လည်း စိုးရိမ်ထိတ်လန့်မှုနှင့် မကျေနပ်မှုများ ဖြစ်ပေါ်လာ ကြသည်။ ၎င်းစာအရ နှာခေါင်းစည်း၊ လက်အိတ်၊ PPE ဝတ်စုံ၊ အောက်ဆီဂျင်ဘူး၊ အောက်ဆီဂျင်စက် စသည်တို့ကို တင်သွင်းခွင့် ရပ်ဆိုင်းရန် ဟူ၍ ပါရှိရာ ကိုဗစ်-၁၉ တတိယလှိုင်း အရှိန်မြင့်တက် လာချိန်ဖြစ်သည့်အလျောက် ပြည်သူလူထုအတွင်း စိုးရိမ်ပူပန်မှုတို့ ဖြစ်လာရခြင်းဖြစ်သည်။ သို့ရာတွင် ဖေ့စ်ဘုတ်ပေါ်မှ အဆိုပါ ရုံးစာ သည် အတုသာဖြစ်ပြီး ပြည်သူလူထုကို သတင်းအမှားပေးက



