မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲနှင့် စာပေဟောပြောဆွေးနွေးပွဲ ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဝန်ထမ်းများ စာပေဗဟုသုတ တိုးပွားစေရန် ရည်ရွယ်လျက် စာတမ်းဖတ်ပွဲနှင့် စာပေဟောပြောဆွေးနွေး ပွဲကို ၅-၂-၂၀၂၄ (တနင်္လာနေ့) နံနက် ၁၀:၀၀ နာရီမှ နေ့လယ် ၁၂:၀၀ နာရီထိလည်းကောင်း၊ မွန်းလွဲ ၁:၃၀ နာရီမှ ၃:၃၀ နာရီထိလည်းကောင်း စာပေဗိမာန်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။