၂ဝ၂၁ ခုနှစ် မေလအတွက် အသင်းပေးစာအုပ်အဖြစ် “ကြာညိုချစ်ဝေ (ရွှေသုတ်မြေ)” ရေးသားသည့် “မခြွေရက် ကြွေရက်ကယ်မျော” စာအုပ်ကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။ အဆိုပါ စာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ပြဇာတ်စာပေ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲ စာစဉ်အဖြစ် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။