အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအစည်းအဝေး ကျင်းပ
အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များနှင့်တွေ့ဆုံသည့် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၆ ရက် နံနက် (၁၀:၀၀) နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက် စကားပြောကြားကြပြီး အမျိုးသားစာပေဆု စည်းကမ်းချက်များနှင့်ပတ်သက်၍ အဖွဲ့လိုက် ဆွေးနွေးခဲ့ကြသည်။