Skip to main content

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သတင်း

ပြည်ထောင်စုတရားသူကြီးချုပ် သတင်း

ဆောင်းပါးကဏ္ဍ

  • မီးဘေးအန္တရာယ်ကို အသိ၊ သတိဖြင့် ကြိုတင်ကာကွယ်ကြပါ
    ပူပြင်းလာသည့် နွေရာသီသို့ရောက်ရှိလာချိန်၌ မီးလောင်ကျွမ်းမှုဖြစ်စဉ်သတင်းများကို ခပ်စိပ်စိပ်ကြားနေရသည်။ မီးလောင်ကျွမ်းမှုသည် နွေရာသီတွင် ပိုမိုဖြစ်ပွားတတ်သော်လည်း ရာသီမရွေး၊ အချိန်မရွေး၊ နေရာမရွေးဖြစ်ပေါ်တတ်ပါသည်။ မီးကိုသုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူဟု ဆိုကြသည်။ မဖြစ်မနေသုံးစွဲရသည်မှာ မှန်သော်လည်း ပေါ့ဆမှု၊ မရိုသေမှုများကြောင့် မီးဘေးအန္တရာယ်များ ဖြစ်ပေါ်နေသည်ကို သတိပြုကြရပါမည်။
  • ဆောင်းပါး
    ကြိုတင်ခန့်မှန်း၍ မရနိုင်သော ငလျင်ဘေးအန္တရာယ်
    မြန်မာနိုင်ငံသည် ဘူမိဗေဒ အထောက်အထားများအရ ငလျင်လှုပ်ရှားမှု တွေ့ကြုံခံစားရနိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အတိတ်ကာလကလည်း အပျက်အစီးများရှိသော အင်အားပြင်းငလျင်ကြီးများ လှုပ်ရှားခဲ့ဖူးပါသည်။ မြေထုချပ် (Plate) ဟု ခေါ်သော ကျောက်သားထုချပ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု တွန်းတိုက်မိရာမှတစ်ခုက အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုက တွန်းတိုက်ခံရသည့်အတွက် တွန့်ခေါက်လာကာ အဆိုပါတွန်းတိုက်သည့်နေရာတွင် အားများတဖြည်းဖြည်းစုစည်းမိလာကာ တစ်ချိန်တွင် စုစည်းမိသောအားများ ရုတ်တရက်ရုန်းကန်၍ အဘက်ဘက်သို့ ပြန့်ထွက်သွားပါသည်။
  • လူငယ်တွေကို အန္တရာယ်ထဲတွန်းပို့နေတဲ့ ဂိမ်းတွေကို . . . သတိပြု
    ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
  • ပြည့်စွမ်းအား ပြည့်စေဖို့ ရေစွမ်းအင်ဖြင့် ဖြည့်ကြစို့
    ရာသီဥတုပြောင်းလဲမှု အကြောင်းအရာများမှာ အင်အားကြီးနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများကို ပုံကြီးချဲ့လှည့်စားထားသည့်အရာတစ်ခုအဖြစ် ဖွံ့ဖြိုးမှုလိုအပ်သည့်နိုင်ငံများက ယူဆလက်ခံလာကြသည်။ အင်အားကြီးနိုင်ငံများက ရာသီဥတုပြောင်းလဲမှုအကြောင်းအရာများကို ကျယ်ကျယ်လောင်လောင် ဆိုလင့်ကစား ၎င်းတို့၏ ဖွံ့ဖြိုးမှုအရှိန်ကို တိုးသထက်သာ တိုးလိုကြသည်။
  • မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၁ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျိုင်းလပ်ကုန်သွယ်ရေးစခန်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း
    မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကို လျှော့ချရန်နှင့် ဒေသတွင်းနိုင်ငံများ၏ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများကို အထောက်အကူပြုရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။
  • ဆောင်းပါး
    အထက်ချင်းတွင်းဒေသနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်မှုများ
    နိုင်ငံတော်အစိုးရက ကျေးလက်နှင့်မြို့ပြ၊ တောင်တန်းနှင့် မြေပြန့်မကျန်လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျေးလက်နှင့် မြို့ပြချိတ်ဆက်မှုကောင်းမွန်စေရန် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းများနှင့် တံတားများ တည်ဆောက်ပေးခြင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရန် လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးခြင်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများကိုမြှင့်တင်ပေးခြင်း စသည်ဖြင့် နိုင်ငံတစ်ဝန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။

နောက်ဆုံးရသတင်းများ

သတင်းဗီဒီယို