ရန်ကုန်တိုင်းဒေသကြီး

ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့   ပူးပေါင်းကျင်းပသော နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲပုံပြောပြိုင်ပွဲ၊  ကဗျာရွတ်ဆိုပြိုင်ပွဲ၊  ဂိမ်းကစားပြိုင်ပွဲယ‌မန်‌နေ့က ကမာပါ‌ကျေးရွာအုပ်စု၊ မေတ္တာကျေးရွာ အ-လ-က ကျောင်း၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်၌ အဆိုးဝါးဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသည့် ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း​အဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီ  အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

လသာမြို့နယ်တွင် ဆေးဝါးရောင်းချရေး စည်းမျဉ်းစည်းကမ်းများ လိုက်နာမှုအပေါ် စစ်ဆေးရေး ပြုလုပ်

ကျောက်တံတားခရိုင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) မှ ဦးစီးအရာရှိ ဒေါက်တာအောင်ကိုကို ဦးဆောင်သောအဖွဲ့နှင့် လသာမြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသုဝေ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်တို့ ဦးဆောင်သောအဖွဲ့ဝင်များ ပူးပေါင်း၍မြို့နယ်အတွင်းရှိ ဆေးဆိုင်များကိုယနေ့နံနက်ပိုင်းအချိန်က လှည့်လည်စစ်ဆေးခဲ့ကြသည်။

လမ်းမတော်မြို့နယ်၌ (၁ဝ၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လမ်းမတော်မြို့နယ်၊ (၄)ရပ်ကွက်၊ ၁၀လမ်းနှင့် (၅) ရပ်ကွက်၊ ၁၁ လမ်းကွန်ကရိလမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

 (၁ဝ၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လမ်းမတော်မြို့နယ်၊ (၄)ရပ်ကွက်၊ ၁၀လမ်းနှင့် (၅) ရပ်ကွက်၊ ၁၁လမ်းကွန်ကရိလမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၇)နာရီအချိန်က လမ်းမတော်မြို့နယ် အနော်ရထာလမ်းနှင့် (၁၀)လမ်းထိပ်တွင်လည်းကောင်း နံနက်(၇)နာရီခွဲတွင် မဟာဗန္ဓုလလမ်းနှင့် (၁၁)လမ်းထိပ်တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။

ဒလမြို့နယ်၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပ

၂၀၂၅ ခုနှစ်၊ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေး ခရိုင်၊  ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက် အ.ထ.က (ခွဲ)  အ.လ.က (၃) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်အ‌ရှေ့ပိုင်းမြို့နယ်တွင် ဒဂုံတက္ကသိုလ် တည်ထောင်ခြင်း (၃၂) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အ‌ရှေ့ပိုင်းမြို့နယ်၊ ဒဂုံတက္ကသိုလ်၌ ဒဂုံတက္ကသိုလ် တည်ထောင်ခြင်း (၃၂) နှစ်မြောက် အထိမ်းအမှတ်အဖြစ် သုတေသနစာတမ်းဖတ်ပွဲကို ယင်းတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် မဲရုံများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မကြာမီကျင်းပပြုလုပ်မည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံဆောင်ရွက်မည့်နေရာများသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင် (၁) ဦးတင့်နိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့၀င်များက နိုဝင်ဘာ ၁၂ ရက်နေ့ ၁၂ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေငြာခြင်းမပြုမီ စီစစ်ရေးအဖွဲ့ဖြင့် မဲဆန္ဒရှင်စာရင်း စစ်ဆေးခြင်းများ ဆောင်‌‌ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲကာလအတွက်၊မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် မဲဆန္ဒရှင်စာရင်းများ၊ တိကျမှန်ကန်မှုရှိစေရေးအတွက် ဒုတိယအကြိမ် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ပန်းဘဲတန်းမြို့နယ်‌ ကော်မရှင်မဖွဲ့ခွဲရုံး၌ ယမန်နေ့နံနက်ပိုင်းက စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် လျာထားမဲရုံ (၂၈) ရုံ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် ရပ်ကွက်များအလိုက် လျာထားမဲရုံ (၂၈) ရုံနေရာများအား သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဖြူလှနှင့် တာဝန်ရှိသူများက ယမန်နေ့ ၁၁ နာရီက လိုက်လံစစ်ဆေးခဲ့သည်။

စမ်းချောင်းမြို့နယ်တွင် အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁ဝ နာရီခွဲအချိန်က စမ်းချောင်းမြို့နယ် ကျွန်းတော (တောင်) ရပ်ကွက်၊ ကျွန်းတောလမ်း၊ ကျွန်းတောဓမ္မာရုံတွင် ကျင်းပသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး