မန္တလေးတိုင်းဒေသကြီး

ကျောက်ပန်တောင်းမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာမှုအား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်များစာရင်းကို ပထမအကြိမ် ကြေညာပြီးသည့်နောက် ယခု ဒုတိယအကြိမ် မဲစာရင်းများ ကြေညာခြင်းကို၊ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်(၉)နာရီကစတင်၍ ရပ်ကွက်၊ကျေးရွာအုပ်စုအလိုက် သက်ဆိုင်ရာ မဲရုံအသီးသီးတွင် ကပ်ထားကြေညာလျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲ ဆိုင်ရာလုံခြုံရေးနှင့်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့် ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ညောင်ဦးမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာမှုအား ခရိုင်/မြို့နယ် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အထွေထွရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်များစာရင်းကို ပထမအကြိမ် ကြေညာပြီးသည့်နောက် ယခုဒုတိယအကြိမ်မဲစာရင်းများ ကြေညာခြင်းကို ယမန်နေ့နံနက် ၉ နာရီကစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် သက်ဆိုင်ရာ မဲရုံအသီးသီးတွင် ကပ်ထားကြေညာလျှက်ရှိရာ ခရိုင်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာမှုကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့ပေါ် (၁၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားကြောင်း သိရသည်။

သာစည်မြို့ အ.ထ.က (၁) ၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရေး လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံလာစေရန်၊ အသိပညာဗဟုသုတများညာများ တိုးတက်လာစေရန်နှင့် လူအများရှေ့ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ် ၁ နာရီက သာစည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာထား

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်စုကော်မရှင်အဖွဲ့ခွဲ ရုံးများ၌  ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည့် မဲန္ဒရှင်စာရင်းများကို နိုဝင်ဘာ၂၁ ရက်မှ စတင်၍ ဒုတိယအကြိမ်အဖြစ် ကြေညာထားကြောင်း သိရသည်။

တောင်သာမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပသွားရောက်ကျောင်းတက်ကြမည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးကြ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း  တောင်သာအခြေခံပညာအထက်တန်းကျောင်း  နဝရတ်ခန်းမ၌   မဲဆန္ဒနယ် ပြင်ပသွားရောက်ကျောင်းတက်ကြမည့်   တက္ကသိုလ်၊ ဒီဂရီကောလိပ်၊  ကောလိပ်များမှ  ကျောင်းသား၊ ကျောင်းသူများ  ကြိုတင်ဆန္ဒမဲပေးခြင်းအား နိုဝင်ဘာ ၂၀ ရက်နေ့တွင်လည်း ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့ ဘဝသစ်မျက်မမြင်ကျောင်းတွင် ကျင်းပပြုလုပ်သည့် မသန်းစွမ်းသူများကိုယ်တိုင်ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မန္တလေးတိုင်းဒေသကြီးတာဝန်ခံ) တက်ရောက်ကြည့်ရှုအားပေး

မိတ္ထီလာမြို့နယ်၊ ဓမ္မပါလကျေးရွာ၊ ဘဝသစ်မျက်မမြင်ကျောင်းတွင် ဒီကနေ့နံနက်က ကျင်းပပြုလုပ်သည့် မသန်းစွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မျက်မမြင်စာနှင့် အထူးပြုလုပ်ထားသည့် မဲပေးစက်များဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မန္တလေးတိုင်းဒေသကြီးတာဝန်ခံ) ဦးသန်းအောင်ကျော် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်အတွင်း ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို ယနေ့နံနက်ပိုင်းကကပ်ထားကြေညာထားရာ  ခရိုင်‌ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်‌ဆွေဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်တို့က သံလျှက်မှော်အရှေ့ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိခဲ့ပြီး ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ မဲဆန္ဒနယ်မြေပြင်ပ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၌ တက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲများဆက်လက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မဲစာရင်းတွင်ပါရှိပြီး မဲဆန္ဒနယ်မြေပြင်ပ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် တက်ရောက်နေသည့် ကျေုာင်းသား/ကျောင်းသူများက ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကြိုတင်ဆန္ဒမဲပေးခြင်းများကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြင်ဦးလွင်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး