ချမ်းအေးသာစံမြို့နယ်၌ ဆုတောင်းပြည့်မြတ်စွာဘုရားစေတီတော်နှင့် ဓမ္မာရုံဘက်စုံပြုပြင်မွမ်းမံလှူဒါန်းခြင်းအောင်ပွဲ အထိမ်းအမှတ် အထူးဓမ္မသဘင်တရားပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်ရှိ ဆုတောင်းပြည့်မြတ်စွာဘုရားစေတီတော်နှင့် ဓမ္မာရုံဘက်စုံပြုပြင်မွမ်းမံလှူဒါန်းခြင်းအောင်ပွဲ အထိမ်းအမှတ် အထူးဓမ္မသဘင်ပွဲကို ဇန်နဝါရီ ၆ ရက် ညနေပိုင်းက လမ်းလယ်ဆုတောင်းပြည့်ဘုရား၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။