မန္တလေးတိုင်းဒေသကြီး

စဉ့်ကိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ (အပိုင်း-၂)အဖြစ် ကျင်းပပြုလုပ်မည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစွာ ဆန္ဒမဲပေးနိုင်ရန် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီး၌ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် မူလတန်းကြိုကျောင်း၌ ကလေးငယ်များကာယစွမ်းရည်ပြိုင်ပွဲ လူရွေးပွဲ၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကလေးငယ်များ ကိုယ်ကာယကျန်းမာသန်စွမ်းစေရန်ရည်ရွယ်၍ အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်းကာယ စွမ်းရည်ပြိုင်ပွဲ လူရွေးပွဲ၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၆ ရက် နံနက်(၉)နာရီခွဲက မြစ်သားမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။  

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး(စဉ့်ကိုင်) Rescue BaGyan မှ ကယ်ဆယ်ရေးပစ္စည်းများပြသ၍ လက်တွေ့အသုံးပြု သရုပ်ပြ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းသဇင်(၄)ထပ်ဆောင်၌ ယနေ့နံနက် ၁၀ နာရီက မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး(စဉ့်ကိုင်) Rescue BaGyan မှ ကယ်ဆယ်ရေးသုံးပစ္စည်းများပြသ၍  လက်တွေ့အသုံးပြုခြင်းများ သရုပ်ပြသခဲ့ကြောင်း သိရသည်။  

ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း (၁၂) ကြိမ်မြောက် နှစ်ပတ်လည် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၏ (၁၂) ကြိမ်မြောက် နှစ်ပတ်လည်ဆုနှင့် သဘင်အခမ်းအနားကို ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီခွဲက ပိတောက်ဆောင်ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၆ ရက်နေ့ နံနက်ပိုင်းကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးအဖွဲ့မှ အာမခံအလုပ်သမား၏ အကျိုးခံစားခွင့်ငွေများ ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုပန်းခြံလမ်း၊ ၁၂၄ × ၁၂၅ လမ်းကြားရှိ စပါးနှံတာယာနှင့် ကျွတ်စက်ရုံကုမ္ပဏီ၌ ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၉ နာရီက အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အာမခံအလုပ်သမား၏ အကျိုးခံစားခွင့်‌ငွေများ ထုတ်ပေးခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်မှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် လာရောက်တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၁၀ နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်မှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်  ပညာရေးစုံညီပွဲတော် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် မြို့နယ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု‌ပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမ၌ ကျင်းပသည်။

ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၌ ပညာရေးပြပွဲနှင့် ထူးချွန် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်

မန္တလေးတိုင်းဒေသကြီး ကျေက်ဆည်ခရိုင် ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးပြပွဲနှင့် အားကစားထူးချွန်ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး