မန္တလေးတိုင်းဒေသကြီး

ညောင်ဦးမြို့နယ်၌ ၂၀၂၆ ခုနှစ်(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပ

 မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက် နံနက် ၈ နာရီအချိန်က စတင်၍ ခရိုင်အားကစားပြိုင်ကွင်းအတွင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ပြိုင်ပွဲပေါင်းစုံတို့ဖြင့် စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ ပဲစင်းငုံးများ ရောင်းချ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ပဲစင်းငုံပေါ်ချိန် ရောင်းချရာတွင် ပဲစင်းငုံတစ်တင်းလျှင် ၈၄၀၀၀ ကျပ်ဖြင့် ရောင်းချရခြင်းကြောင့် ပဲစင်ငုံစိုက် တောင်သူများ မျှော်လင့်နေသည့်ဈေးနှုန်းဖြစ်ကြောင်း ညောင်ဦးမြို့နယ် တက်မကျေးရွာ ပဲစင်းငုံစိုက်တောင်သူ ဦးအောင်ဌေးက ပြောကြား၍ သိရသည်။

မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ရောင်းချ‌ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့မအနောက်ရပ်ကွက်ရှိ မြစ်သားစည်ပင်သာယာဈေးအဝင်ပေါက်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာ ယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက်သာဈေးရောင်းချခြင်းကို ဇန်နဝါရီ ၅ ရက် နံနက် ၆ နာရီက ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြင်းခြံတက္ကသိုလ်၌ စတုတ္ထအကြိမ် ဘွဲ့နှင်းသဘင် ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ စတုတ္ထအကြိမ် ဘွဲ့နှင့်သဘင် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

မြင်းခြံမြို့ အမှတ် (၄) အခြေခံပညာအထက်တန်း‌ကျောင်း၌ ပညာရေးစုံညီပွဲတော် ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၄) အခြေခံပညာအထက်တန်း‌ကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း စံပယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးမိတ္တူ ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ် ကွက်ရှိ အတုလဂုဏ်ရည်ဓမ္မာရုံနှင့် သင်ပန်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ယမန်နေ့ နံနက် ၁၀ နာရီက ​လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး  ဦးအောင်သွင်ဦးဆောင်သည့်အဖွဲ့မှ ပန်းခင်း(၃)စီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်ပြား​ပျောက်ဆုံး/ပျက်စီးမိတ္တူ​ထုတ်ပေးခြင်း ကွင်းဆင်း​​ဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးများအား မဲပေးစက်အသုံးပြုနည်း မွမ်းမံသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သက်ဆိုင်ရာမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ မဲစာရင်း စစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေး အစရှိသည့် မဲရုံအဖွဲ့ဝင်များကို (MEVM) မဲပေးစက်အသုံးပြုနည်းမွမ်းမံသင်တန်းကို ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီခွဲက  မြစ်သားမြို့ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်သည်။

မဟာအောင်မြေမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

‎မဟာအောင်မြေမြို့နယ် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံး၌ ကျင်းပသည်။

ဘယ်လင်းအကျဉ်းဦးစီးဌာနမှ အကျဉ်းသား ၁၆၇ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံ‌တော်၏ မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်း‌ကောင်း  အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်များ ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ်(၁)နှင့် အမှတ်(၂) ကုန်ထုတ်စခန်း အစည်းအဝေးခန်းမများ၌ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများနှင့် အဂတိတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများမှအပ အခြားသော ဥပဒေများဖြင့် ပြစ်မှုကျခံလျက်ရှိသည့် အကျဉ်းသား ၁၆၇ ဦးအား ရာဇဝတ်ကျင်ထုံ ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ‌ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ရန်အောင်မြင်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းအတွင်း၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး