Skip to main content

၂၀၂၃ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်အတွက် လျှောက်လွှာခေါ်ယူသည့် ကြေညာချက်

၂၀၂၃ ပညာသင်နှစ်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်မာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ် တက္ကသိုလ်များတွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေးပညာ ဒီပလိုမာသင်တန်းများ၊ ဆေးပညာ မဟာသိပ္ပံသင်တန်းများနှင့် ပါရဂူဘွဲ့သင်တန်းများသို့ လျှောက်ထားလိုသူများသည် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပါက မိမိတက်ရောက်လိုသော တက္ကသိုလ်များသို့ ဘွဲ့လွန်သင်တန်းဝင်ခွင့် လျှောက်လွှာများကို (၁၉-၈-၂၀၂၂)ရက်နေ့ နောက်ဆုံးထား၍ တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်ပါကြောင်းနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ကျန်းမာရေးဝန်ကြီးဌာန၏ Facebook Page နှင့် Website တို့တွင် လည်းကောင်း၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ Website တွင် လည်းကောင်း၊ သက်ဆိုင်ရာ တက္ကသိုလ်များ၏ Website များတွင် လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကြေညာအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန