Skip to main content

အောက်တိုဘာလ ၂၄ ရက်နေ့အား “ဒီပါဝလီနေ့” အများပြည်သူတို့၏ အလုပ်ပိတ်ရက်အဖြစ် ကြေညာ

နေပြည်တော် အောက်တိုဘာ ၃

၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက် (၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်) တနင်္လာနေ့သည် “ဒီပါဝလီနေ့”ဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၁၆၈/၂၀၂၂ ဖြင့် ယနေ့တွင် ကြေညာလိုက်သည်။

သတင်းစဉ်