၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်
၁။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့နံနက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောင်ခြေကင်မွန်းစခန်း၊ တောင်တက်ကားဂိတ်အနီး၌ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျိုက်ထီးရိုးစေတီတော် သို့ ဘုရားဖူးလာကြသော အပြစ်မဲ့ဘုရားဖူးပြည်သူ ၃ ဦးသေဆုံးခြင်း၊ ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခြင်းများအတွက် မိသားစုနှင့်အတူ အထူးထပ်တူကြေကွဲခံစားရပါသည်။
၂။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ဘာသာမတူ လူမျိုးမတူ တိုင်းရင်းသားပေါင်းစုံသည် မိမိတို့ယုံကြည်ရာ ဘာသာ/သာသနာကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်လျက်ရှိကြပြီး ငြိမ်းချမ်းစွာ ယှဉ်တွဲအတူနေထိုင်ကြသော နိုင်ငံအတွင်း ရဟန်းများ၊ သာသနာပြုပုဂ္ဂိုလ်များ၊ ဆရာ/ဆရာမများ၊ အပြစ်မဲ့ပြည်သူများအား လူမဆန်စွာ ပစ်ခတ်တိုက်ခိုက်ကြသည့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများကို မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအသင်းမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်လိုက်သည်။
မြန်မာ-အိန္ဒိယအပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအသင်း