၁။ ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း တောင်တက်ယာဉ်စခန်း၌ ကျိုက်ထီးရိုးဆံတော်ရှင်မြတ်စွာဘုရားအား ဖူးမြော်ကုသိုလ်ယူရန် ဘုရားဖူးခရီးသွားပြည်သူများ စည်ကားလျက်ရှိစဉ် KNLA တပ်မဟာ(၁)နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လူမဆန်စွာ အကြောင်းမဲ့လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ဘုရားဖူးပြည်သူ ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးသေဆုံးခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့စွာ ကြားသိရပါသည်။
၂။ ယခုလို ဝါကျွတ်ကာလတွင် အေးချမ်းစွာ ဘုရားဖူးကုသိုလ်ယူနေသည့် အပြစ်မဲ့ဘုရားဖူး ပြည်သူများအား ပစ်မှတ်ထား၍ ပစ်ခတ်တိုက်ခိုက်သည့် အကြမ်းဖက်လုပ်ရပ်ကို ပြည်နယ်သံဃနာယကအဖွဲ့မှ စိတ်နှလုံးမချမ်းမြေ့ပါကြောင်း သဘောထားထုတ်ပြန်လိုက် သည်။
ဘဒ္ဒန္တသာသန(ဂန္ထဝါစကပဏ္ဍိတ) (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
ဥက္ကဋ္ဌဆရာတော်၊ ပြည်နယ်သံဃနာယကအဖွဲ့
မွန်ပြည်နယ်၊ မော်လမြိုင်မြို့