Skip to main content

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး သဘောထားထုတ်ပြန်ချက်

၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်

၁။ ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း၊ တောင်တက်ကားဂိတ်၌ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ကျိုက်ထီးရိုးဘုရားဖူးပြည်သူ ၃ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိကြကြောင်း စိတ်မချမ်းမြေ့ဖွယ်သိရှိရပါသည်။

၂။ ထိုအကြမ်းဖက်မှုကြောင့် ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိကြသူများ၏ မိသားစုများနှင့်ထပ်တူ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဝမ်းနည်းကြေကွဲရပါသည်။

၃။ ဘာသာသာသနာကိုးကွယ်ယုံကြည်မှုဆိုင်ရာကိစ္စများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး