၁။ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ကင်မွန်းချောင်းတောင်တက်ကားဂိတ်အား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် KNLA တပ်မဟာ (၁) နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့လူမဆန်စွာဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုရားဖူးပြည်သူ ၁၉ ဦး ဒဏ်ရာရရှိပြီး ၃ ဦး သေဆုံးခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့စွာ သိရှိရပါသည်။
၂။ သေဆုံးသူများ၊ ဒဏ်ရာရသူများနှင့် ကျန်ရစ်သောမိသားစုများအတွက် စာနာမိပါကြောင်းနှင့် များစွာစိတ်မကောင်းဖြစ်မိပါသည်။
၃။ ယခုကဲ့သို့ လက်နက်မဲ့ဘုရားဖူးပြည်သူများအား လက်နက်ဖြင့် လာရောက်တိုက်ခိုက်ခြင်းမှာ လူသားဆန်သောလုပ်ရပ်မဟုတ်ပါ။
၄။ သို့ပါ၍ ဤလုပ်ရပ်အား မွန်ပြည်နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
မွန်ပြည်နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့