Skip to main content

မွန်ပြည်နယ် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း သဘောထားထုတ်ပြန်ချက်

၁။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၊ ကင်မွန်းချောင်း၊ တောင်တက်ကားဂိတ်အား အကြမ်းဖက်သောင်းကျန်းသူများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လူမဆန်စွာ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ဘုရားဖူးပြည်သူ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စိတ်မချမ်းမြေ့ဖွယ်ကြားသိရပါသည်။

၂။ သို့ပါ၍ ဘုရားဖူးလာပြည်သူများ စိတ်ချမ်းမြေ့စွာ သွားလာလှုပ်ရှားမှုကို မလိုလားသည့်သဘောဖြင့် အကြမ်းဖက်မှုပြုလုပ်ခဲ့သည့် သောင်းကျန်းသူများအား မွန်ပြည်နယ်၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းအနေဖြင့် လုံးဝ(လုံးဝ)လက်မခံနိုင်ပါကြောင်းနှင့် အကြမ်းဖက်မှုပြုလုပ်ခြင်းအားလုံးကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မွန်ပြည်နယ်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း