Skip to main content

မွန်ပြည်နယ် သတင်းမှန်ပြန်ကြားရေးကော်မတီ သဘောထားထုတ်ပြန်ချက်

၁။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၊ ကင်မွန်းချောင်းတောင်တက်ကားဂိတ်အား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် KNLA တပ်မဟာ (၁) နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့လူမဆန်စွာဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုရားဖူးပြည်သူ ၁၉ ဦး ဒဏ်ရာရရှိပြီး ၃ ဦး သေဆုံးခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့စွာ သိရှိရပါသည်။

၂။ ဤကဲ့သို့ အပြစ်မဲ့ဘုရားဖူးပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်သည့် အကြမ်းဖက်လုပ်ရပ်သည် စက်ဆုပ်ရွံရှာဖွယ် လူမဆန်သည့်လုပ်ရပ်ဖြစ်၍ မွန်ပြည်နယ် သတင်းမှန်ပြန်ကြားရေးကော်မတီအနေဖြင့် လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မွန်ပြည်နယ်သတင်းမှန်ပြန်ကြားရေးကော်မတီ